Powered By Blogger

Saturday, March 9, 2013




 လေလွင့်ခရီးသယ်

 











သိပ်မကြာခင်ကျွန်တော်ခရီးတစ်ခုကိုထွက်ဖြစ်မယ်။ အစကတော့သူအတွက်နဲ့စိတ်ပြေလက်ပျောက်သဘောမျိုးသွားမလို့ပါ။ဒါပေမယ့် အခုတော့ကျွန်တော်ကိစ္စတွေအားလုံးကိုအပြီးထားခဲ့ပြီးသွားဖို့စဉ်းစားမိတယ်။ အဲနေရာလေးမှာပဲနေတော့မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အမှန်ကတော့အဲဒီနေရာဆိုတာကဘယ်နေရာလဲဆိုတာကျွန်တော်ကိုယ်တိုင်
လည်းဘယ်ကိုသွားရမလဲအသေးစိတ်တော့မသိသေးပါဘူး။
အနည်းဆုံးတော့နွေးအထည်ခပ်ထူထူဝတ်လို့ရမယ့်နေရာ၊ ၀ီစီကီတို့၊ဆေးပေါလိပ်တို့သောက်လို့ကောင်းတဲ့ရာသီဥတုမျိုးရှိတဲ့နေရာမျိုး
ကိုတော့သွားဖြစ်ဖို့များပါတယ်။


နောက်ပြီး ကျွန်တော်ဆိုတဲ့ကောင်ကလဲလူကြားထဲတိတ်ပြီးတိုးရဲတဲ့ကောင်
မဟုတ်ဘူးဆိုတော့ လူနေအိမ်ခြေသိပ်မများတဲ့နေရာမျိုးဆိုပိုသဘောကျတယ်။ ကျွန်တော်မသွားခင်သူ့ကိုဖုန်းဆက်ပြီးကျွန်တော်သွားတော့မယ်ဆိုတဲ့အကြောင်းကိုပြော
ရင်ကောင်းမလားလို့စဉ်စားမိတယ်။ သူကျွန်တော်ဂရုနာသက်ပြီး ကျွန်တော်ကိုသနားလာမယ်၊ နောက်ပြီး ကျွန်တော် သူကိုကျွန်တော်စာလေးတစ်စောင်လောက်ဖြစ်ဖြစ်ကျွန်တော်ဆီရေးဖို့ပြောမယ်၊ ဒီတော့သူက ဘာကိစ္စနဲ့ရေးရမလဲလို့ပြန်ပြောမယ်။ ကျွန်တော်က ကျွန်တော်သူဆီကစာတစ်စောင်လောက်သိမ်းထားချင်တဲ့အကြေင်း၊ ဘာအကြောင်းပဲဖြစ်ဖြစ် အယုတ်ယွဆုံး သူသိပ်ချစ်တယ်ဆိုတဲ့ သူမရည်းစားအကြောင်းပဲဖြစ်ဖြစ်၊ သူမတို့ရပ်ကွက်ထဲက ရန်ဖြစ်တတ်တဲ့ ဈေးသည်တွေအကြောင်းပဲဖြစ်ဖြစ်၊ကျွန်တော်ကိုခပ်စိမ်းစိမ်းကြည့်တတ်တဲ့သူအမေအကြောင်းပဲဖြစ်ဖြစ်ရေးလိုက်ပါလို့ကျွန်တော်သူမကိုနောက်ဆုံးတောင်းဆိုကြည့်မယ်ပေါ့။ဒါကလည်းအမှန်တော့ကျွန်ရဲ့ဆန်းသစ်လှတဲ့စိတ်ကူးတော့မဟုတ်ပါဘူး။မြသန်းတင့်ရဲ့နိုင်ငံတကာဝထ္ထုတိုများထဲက ရုရှားစာရေးဆရာတစ်ယောက်ရဲ့စိတ်ကူလေးကိုသဘောကျလို့ဒီလိုတွေးမိသွားတာပါ။
ကျွန်တော်ကိုကျွန်တော်သဘောကျတာလေးက အခုလိုသွားခါနီး လာခါနီးမှာ သိမ်းစရာများများစားစားမရှိတာကိုတွေးရင်းအရမ်းသဘောကြတယ်။ အခုလည်းကျွန်တော်ဒီခရီးအတွက်ထွေထွေထူးထူးပြင်ဆင်စရာသိပ်မလိုဘူးလေ။ကျွန်တော်ဝယ်ထားသမျှစာအုပ်တွေအားလုံးကိုလည်းကျွန်တော်နက်ဖြန် စာအုပ်ဟောင်းတွေဝယ်တဲ့လူလာရင်ရောင်းထုတ်ပစ်လိုက်မယ်။အဲဒီကရလာတဲ့ငွေစလေးရယ်၊ ကျွန်တော်အလုပ်လုပ်တုန်းကစုထားတဲ့ငွေစတစ်ချို့ရယ်ပေါင်းပြီး
ကျန်တော် သိပ်ကြိုက်တဲ့ ဂျင်းဘောင်းဘီအပြာရောင်ရယ်၊ တီရှပ် အကျီင်္ မှိုတက်ရောက်တစ်ထည်ရယ်၊ပြီးတော့ ခေါင်းစွပ်ပါတဲ့ စစ်ဝတ်အနွေးထည်းတစ်ထည်ဝယ်ထားလိုက်မယ်။ နောက်ပြီး ဟိုရောက်ရင်ကျွန်တော် စာလုံးဝမဖတ်တော့ပဲနဲ့ ချက်ခြင်းကြီးနေလို့ရမှာမဟုတ်ဘူးဆိုတော့ ဘာသာပြန်ဝထ္ထုနှစ်အုပ်လောက် (အထူးသဖြင့်လူပတ်ဝန်းကျင်နဲ့သဘာဝအလှ)တွေကိုအသားပေးရေးထားစာအုပ်မျိုးကိုရွေးဝယ်ထားဖို့လည်းကျွန်တော်စဉ်းစားမိတယ်။ခါတိုင်းဝယ်နေကြ ဘ၀ကိုတိုးတက်စေမယ့် "ဆရာဖေမြင့်" ရဲ့တက်ကျမ်းစာအုပ်မျိုးတွေ နိုင်ငံတကာအကြေင်းတွေရေးတတ်တဲ့"ဆရာကျော်ဝင်းရဲ့ "The wave" လိုမျိုးတွေ ကိုတော့ဒီတစ်ခါမ၀ယ်တော့ဘူးလို့ဆုံးဖြတ်လိုက်
ပြီ။ နောက်ပိုင်းဆိုရင်စာအုပ်တွေကသိပ်ပြီးကျန်တော်အတွက်အရေးပါတော့မှာမဟုတ်ဘူး. အခုဝယ်ရမယ့်ဝထ္ထုနှစ်အုပ်တော်ကျွန်တော်ဖတ်ပြီးတာနဲ့ ဆေးလိပ်လိပ်သောက်ပစ်မယ်လို့ကျွန်တော်ဆုံးဖြတ်ထားတယ်။ ကျန်တော်ထင်ပါတယ် ကျွန်တော်ထင်ပါတယ် ကျွန်တော်မရှိတော့တဲ့နောက်ပိုင်းဆိုရင် ကျွန်တော်ဆရာသမားတစ်ချို့နဲ့ ကျွန်တော်မိတ်ဆွေတစ်ချို့ကတော့ ဒီကောင်ကြီးတော့ကွာ ဘ၀ကိုမရင်ဆိုင်ရင်ဘူး၊ လက်လျော့လွယ်တယ်လို့ပြောကောင်းပြောကြလိမ့်မယ်။အဲဒါလည်းကိစ္စမရှိပါဘူး၊ အစကတည်းကျွန်တော်စိတ်သိပ်ပျော့တဲ့ကောင်ပဲလေ။ ကျွန်တော်အနေနဲ့တော့စိတ်ခံစားချက်ကိုတတ်နိုင်သလောက်အလိုလိုက်ပြီးဘ၀ကိုဖြတ်သန်းရတာကိုပိုသဘောကြတယ်။
ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဒီမှာမရှိတော့တဲ့နောက်ပိုင်း ကျွန်တော်ဆရာသမားတစ်ချို့နဲ့ ကျွန်တော်မိတ်ဆွေတစ်ချို့တွေကတော့ သူတို့ထက်လူကြီးလူကောင်းဆန်တဲ့လူတွေနဲ့ခါတိုင်းလိုပဲစားသောက်ဆိုင်ကြီးတွေ၊ ဟိုတယ်တွေမှာတွ့ကြမယ်။ ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်းတွေ၊နိုင်ငံတကာရဲ့နူးကလီယားပြသာနာတွေကိုပြောကြလိမ့်မယ်။သူတို့အတွက်အချိန်ဆိုတာဘယ်လောက်တန်းဖိုးရှိတယ်ဆိုတာကိုသူတို့နောက်တကောက်ကောက်လိုက်နေတဲ့လူငယ်တွေကိုပြောပြကြမယ်။ သူတို့ရဲ့ရုံးခန်းတွေ၊အယုတ်ယွဆုံး ကိုတင်ဘေးနားကနံရံတွေမှာတောင်သူတို့နဲ့ဆုံခဲ့တဲ့လူကြီးလူကောင်းဆိုသူတွေနဲ့တွဲရိုက်ထားတဲဓါတ်ပုံတွေကိုကပ်ထားကြလိမ့်မယ်။သူတို့အတွက်ကတော ဆောင်းကုန်လို့နွေဦးဝင်လာပြီဆိုတာကို
ခါတိုင်းလိုပြက္ခဒိန်ကြည့်မှ သူတို့သိကြအုံးမယ်။ထားပါတော့လေ ကျွန်တော်ကစိတ်ပျော့တဲ့ကောင်ဆိုတော့ သစ်ရွက်ကြွေတာကို ကြည့်ပြီး သဘာဝအကြောင်းတွေကိုဖတ်နေတဲ့ကောင်ဆိုတော့။ သေချာပါတယ် ကျန်တော်အားလုံးကိုနှုတ်မဆက်ပဲသွားတဲ့အတွက်စိတ်ကောင်းကြမှာမဟုတ်ဘူး။ ပြောရင်ဒါကလည်းကျန်တော့်အထင်သက်သက်ပါ။ဟုတ်ချင်မှဟုတ်မှာ။




By.
ချင်း အဘိုးကြီး

No comments:

Post a Comment