Powered By Blogger

Saturday, March 9, 2013


အိမ်ကိုပြန်ချင်သေးတယ်

   

 

 မေမေသားတို့ သေနတ်တွေကို မြေပြင်ပေါ်ချပေးပါလား

ဒီထက်ပိုပြီး သားသူတို့ကို မပစ်နိင်တော့ဘူး
သားလက်တွေလည်းတုန်နေပြီ
အင်အားတွေလည်းမရှိတောဘူး

မေမေ သားကို ဒီနေရာကနေဆွဲခေါ်သွားပါလား
သားဒီနေရာမှာမပျော်ဘူး..အိမ်ပြန်ချင်တယ်
မေမေကိုလည်းလွမ်းတယ်

သားကို ခေါ်သွားရင် မေမေ့စကားနားထောင်တော့မယ်
အိမ်ရောက်ရင် ထင်းခွဲပေးမယ်..ရေလည်းခတ်ပေးမယ်
နောက်..ငရုတ်သီးလည်း ထောင်းကူပေးမယ်
နော်မေမေ..ဟို..ကြက်သွန်ကိုလည်း..အခွံနွှာပေးပါ့မယ်

တစ်ကယ်တော..သားသိပါတယ်
သားအိမ်ကို မပြန်နိုင်တော့ပါဘူး
အိမ်ဆိုတာလဲ အိပ်မက်ထည်းကလိုပါပဲ

ဘာလို့လဲဆိုတော့
မေမေ သားကို ဘယ်တော့မှခေါ်မလာနိုင်တော့ဘူး

တစ်နေရာကနေသာ ကျွနုပ်ကိုမျက်ရေ၀ဲဝဲလေးနဲ.ြ ကည့်နေနိုင်မှာ..

 
ဒါပေမယ့်..မေမေ..သား အိမ်ကိုတော့ပြန်ချင်သေးတယ်..ဒါမှမဟုတ် သားလည်းမေမေ့နောက်ကိုပဲလိုက်တော့မယ်

By. Chin Apyu Kyi

No comments:

Post a Comment