Powered By Blogger

Monday, December 23, 2013

အို အသင်တိမ်တိုက်
မနက်ခင်းတံခါး ကိုယ်ဖွင့်လိုက်တိုင်း
မဖိတ်ခေါ်ပဲ အသင်သည် ရောက်လာတတ်၏

ညနေခင်းတံခါးတွေ
ကိုယ်ပိတ်လိုက်တဲ့အခါ
မြူမှိုင်းတွေနဲ့အတူလွင့်ထွက်ခွါသွားကာ
ကိုယ့်တစ်ရောက်ထဲကို ထားသွားပြန်တယ်
အို အသင်တိမ်တိုက်
မနက်ခင်းတံခါး ကိုယ်ဖွင့်လိုက်တိုင်း
မဖိတ်ခေါ်ပဲ အသင်သည် ရောက်လာတတ်၏

ညနေခင်းတံခါးတွေ
ကိုယ်ပိတ်လိုက်တဲ့အခါ
မြူမှိုင်းတွေနဲ့အတူလွင့်ထွက်ခွါသွားကာ
ကိုယ့်တစ်ရောက်ထဲကို ထားသွားပြန်တယ်
အို အသင်တိမ်တိုက်
မနက်ခင်းတံခါး ကိုယ်ဖွင့်လိုက်တိုင်း
မဖိတ်ခေါ်ပဲ အသင်သည် ရောက်လာတတ်၏

ညနေခင်းတံခါးတွေ
ကိုယ်ပိတ်လိုက်တဲ့အခါ
မြူမှိုင်းတွေနဲ့အတူလွင့်ထွက်ခွါသွားကာ
ကိုယ့်တစ်ရောက်ထဲကို ထားသွားပြန်တယ်

Tuesday, May 28, 2013

Great Power Competition in the Indian Ocean

 

Kate Dizzel

ကျွန်မတို့ မြန်မာနိုင်ငံဟာ နှစ်အနည်းငယ်အတွင်း စစ်ရေး၊နိုင်ငံရေး၊စီးပွားရေးတိ

ု့ မှာဒေသတွင်းအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာပါလိမ့်မယ်။
ဟုတ်ပြီ ကျွန်မတို့ မြန်မာနိုင်ငံကို Grand Competitive Strategic struggle ပေါ်ကိုခပ်ပါးပါး တင်ကြည့်လိုက်ပါမယ် ။ကမ္ဘာရဲ့ Trend ဟာအိန္ဒိယ Ocean ကို စစ်ရေး၊စီးပွားရေး၊နိုင်ငံရေး ရာနှုန်းပြည့်နီးပါး ပုံအောရမှာပါ။
Three Straits Strategy ( Straits of Mandeb ,Malacca ,Hormuz) : Three Straits Strategy ဟာ Channel နှစ်ခု ကနေပြီးတော့
စူးအက်တူးမြောင်း ကို ဗဟိုပြုတယ်။ Africa Channel မှာ Red Sea (South Gate )တောင်ဖက်ထွက်ပေါက်ရဲ့ Mandeb Strait နှင့်
Middle East Channel :အရှေ့ အလယ်ပိုင်း ပါရှန်းပင်လယ်ကွေ့ ( Persian Gulf) ဟာ့မို့ စ်ရေလက်ကြား Strait of Hormuz တို့ ကို String of pearls strategy နဲ့ support လုပ်တယ်။
Middle East Channel မှာ ဟောမို့ စ်ရေလက်ကြား Strait of Hormuz အတွက်ဆိုရင် String of pearls strategy ဟာ ကျောက်ဖြူ၊ ဘင်္ဂလားဒေံရှ် ၊သီရီလင်္ကာ ၊ပါကစ္စတန်၊အီရန်၊အီရတ် ၊အီဂျစ်၊တူရကီအထိ
Channel ကိုဖွင့်ထားတယ်။Africa Mandeb Strait အတွက်မြန်မာ၊ မောလ်ဒိုက်ကျွန်း၊ (Maldives)၊ ဆိုမာလီယာ ၊အီဂျစ်အပါအ၀င် အာဖရိကအားလုံး ၊ဒီမျက်နှာစာတွေဟာ မြန်မာနိုင်ငံကပဲဗဟို ပြုပြီးထွက်ရတယ်။
မြန်မာနိုင်ငံရဲ့ ရခိုင်၊ရန်ကုန်၊ထားဝယ် ဒီ West Coast အခြမ်း ဟာ အိန္ဒိယ Oceanအတွက်အသဲနှလုံးပါပဲ။
ဟုတ်ပါပြီ US ကဒုတိယကမ္ဘာစစ်အပြီး မာရှယ်စီမံကိန်း( Marshall Plan )နဲ့ ဥရောပကိုဆွဲတင်လိုက်တယ်။ Asia မှာဆိုရင် Taiwan,Japan ,Korea,Thailand ,China ,Philippine ,India အစရှိသဖြင့်နောက်ဆုံး
ဗီယက်နမ် တို့ ကို Structure Shift နဲ့ Power ကို Push လုပ်ပါတယ်။အမေရိကန် Power Projection ကို ကြည့်လိုက်ရင် ပစိဖိတ် Ocean နဲ့ အိန္ဒိယ Ocean တို့ ကိုဖြန့် ကျက် ထားပါတယ် ( Asia Pacific)
ဒါ US ရဲ့ China အတွက် Containment Policy ပါပဲ။
အဓိကပြောချင်တဲ့ အကြောင်းအရာက US ရဲ့ Power Projection အတွက်ပဲဖြစ်ဖြစ် ၊ China ရှဲ့Super Power Struggle အတွက်ပဲဖြစ်ဖြစ် ကျွန်မတို့ နိုင်ငံဟာ Strategical Center ဖြစ်နေတဲ့အတွက်ကြောင့်ဒီနိုင်ငံကို
ကျော်ပြီးတော့ဘာမှလုပ်လို့ မရဘူး။ကျွန်မတို့ နိုင်ငံရဲ့Policy Makers တွေနဲ့Decision Makers တွေဟာ ဒီနိုင်ငံရဲ့တန်ဖိုးကိုသိကိုသိရပါမယ်။Driving နဲ့ Driven ကိုကောင်းကောင်း သဘောပေါက်ထားဖို့ လိုပါတယ် ။ကျွန်မတို့ မြန်မာနိုင်ငံဟာ နှစ်အနည်းငယ်အတွင်းမှာ စစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊ယဉ်ကျေးမှုတို့ မှာဒေသတွင်းအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာပါလိမ့်မယ်။
China အနေနဲ့ ကျွန်မတို့ နိုင်ငံကို Strategic Alliance မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံအနေနဲ့ ဂုဏ်သိက္ခာရှိရှိ မဆက်ဆံလို့ ကိုမရတဲ့ အခြေအနေပါ။တရုတ်နိုင်ငံအနေနဲ့ ကျွန်မတို့ နိုင်ငံကို လောလောဆယ်မှာတော့ ရှိန်ပြီးတော့ကျောက်ကန်ကန်နေတဲ
အနေအထားမှာပဲ ရှိတယ် ။အဲဒါကအရေးမပါပါဘူး ။ရေရှည်မှာဒီနိုင်ငံရဲ့တန်ဖိုးကို ဂုဏ်သိက္ခာရှိရှိပေးဆပ်ခြင်းကသာလျှင် အဲဒိနိုင်ငံတွေအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ နောက်ဆုံး အနေနဲ့ ကျွန်မတို့ ဒေသတွင်းအင်အားကြီး နိုင်ငံအနေနဲ့ တက်လှမ်းရပါလိမ့်မယ် ။
By Kate
 
copy from;https://www.facebook.com/photo.php?fbid=455213777900833&set=p.455213777900833&type=1&theater

 







သမိုင်းရဲ့ Pattern ကိုပုံပျက်သွားစေလောက်တဲ့ Revolutionary Explosion နှစ်ခုနဲ့မျက်နှာစာကိုဖွင့်လှစ်






Photo: Kate Dizzel

ကျွန်မတို့ Twenty First Century ဟာ သမိုင်းရဲ့ Pattern ကိုပုံပျက်သွားစေလောက်တဲ့ Revolutionary Explosion နှစ်ခုနဲ့မျက်နှာစာ ကိုစဖွင့်ပါတယ် ။
Information ပေါက်ကွဲမှုနဲ့ World Population Explosion နှစ်ခုပါ။ သတင်းအချက်အလက်ပေါက်ကွဲမှုဟာ Communication လိုင်းတွေကို ပေါက်ပြဲသွားစေပြီး Time Space ကိုလုံးဝနီးပါးကျုံ့ ဝင်သွားစေပါတယ် ။ပြန့် ကျဲနေ တဲ့ Identification အလွှာတွေဟာ High Network Streaming ခုန်ကူးမှုတွေကြောင့် Samuel P. Huntington ရဲ့ Fault Line တွေကို Out of Date ဖြစ်သွားစေပြီး ပြတ်ကျန်စေခဲ့ ပါတယ် ။Autocracy ,Democracy နဲ့ Theocracy တို့ ဟာ ရုန်းကြွပြီး
Boiling point ကိုရောက်လာပါတယ်။Theocracy ဟာ Global စိုးရိမ်စရာဖြန့် ခင်းမှုကြီးဖြစ်လာပါတယ် ။အင်ပါယာ Struggle တွေ နှင့်အတူ Neo Nationalism ဟာခိုင်ခိုင်မာမာ ကို Nation States တွေရဲ့ ပုံရိပ်အဖြစ် နဲ့ တွေ့ မြင်လာရပါတယ်။
Democratic Bubbles တွေဟာလည်း အာရပ်နွေဦးအနေ နဲ့ အသွင်ဆောင်ပြီး တော့ ကစဉ့် ကလျား Middle East တစ်ခုလုံးကို ပုံသွင်းလာပါတယ်။
ကမ္ဘာနိုင်ငံရေးဖြစ်စဉ်ရဲ့ ဒေါက်တိုင်ကြီးတစ်ခုလိုပြောရ မဲ့ Petropolitics အတက်အကျ ဟာ အဆိုပါဖူဖောင်းတွေနဲ့ အလားတူခောတ်ပြိုင်ပုံရိပ်များအဖြစ်
Butterfly effect vibration ကိုပရမ်းပတာ တုန်ခါစေပါတယ်။__________________________World Population ကိုကြည့်မယ်ဆိုရင် နှစ်၂ ရာ အတွင်းမှာ သန်းတစ်ထာင်( One Billion)ကနေပြီးတော့  သန်းခုနှစ်ထောင် (Seven Billion)ခုန်ပြီးပေါက်ကွဲထွက်လာပါတယ်။
ကျွန်မတို့ ရဲ့ သက်တမ်းအတွင်း ၂၀၅၀ မှာ Ten Billion ကိုရောက်လာပါမယ်။ Eco System ၊သဘာဝပတ်ဝန်းကျင်၊ဆင်းရဲချမ်းသာ ကွာဟမှု၊ WMD ၊ Power အကျပ်အတည်း (Power Crisis) ၊ Identity Crisis ၊ Crisis of Existential၊
Modernization ဖိအား၊ Emperor Struggle တွေကြားထဲမှာ ပရမ်းပတာ နဲ့ အရှိတရား ကိုမျက်မှောက်ပြုစေပါတယ်။ Billion နဲ့ချီတဲ့လူအုပ်စုကြီးတွေရဲ့ Social Psychology ဟာ Active /Passive ဆိုတဲ့ ပိုင်းခြားမှု၂ ခုထဲနဲ့လုံးဝ
လုံလောက်မှု မရှိတော့ ပါဘူး ။ Flock Theory တွေအတိုင်း ပရမ်းပတာ အုပ်စုဖွဲ့  တုန့် ပြန်မှု အမူအကျင့် တွေအတိုင်းသာကျွန်မတို့ တွေ့ မြင်ရပါတယ်။

__________________________ဟုတ်ပြီ ဒါဟာ CHAOS ပါ ။ကျွန်မတို့ စီမန် ခန့် ခွဲ နိုင်မှု ရဲ့ ဘောင်ကို ကျော်လွန်ပြီးတော့ ဒီ Explosion ( ပေါက်ကွဲမှု) နှစ်ခုဟာ မျက်နှာချင်း ဆိုင်ပါတယ်။ ပရမ်းပတာ Controlless movement တွေဟာ သန်း၇ထောင် သော (Seven Billion) Population ရဲ့ ပုံရိပ်ကို ထင်ဟပ်စေပါတယ်။
Controlless Position ဟာ Law of inevitability ကိုလိုက်နာပါတယ် ။နောက်ဆုံး ပေါ့ရှင် ကျွန်မတို့ ရဲ့Civilization ဟာနှစ်ခြောက်ထောင်သက်တမ်းမှာ Critical tipping pointလို့ ပြောရမဲ့ သမိုင်းဆိုင်ရာ New Order for Historical Paradigm// Human Era နဲ့ အနားသတ်ဘောင်ခတ်ထားပါတယ်။
ကျွန်မ ဆိုလိုချင်တာ က ကျွန်မတို့ ရဲ့ မြန်မာ မြန်မာပြည်သူလူထုကို သုံးမရလောက်အောင်ပြောနေ တဲ့ နိုင်ငံရေး Figuresကြီးတွေ ၊ဘာသာပြန်စာရေးဆရာတွေ ၊ကိုယ်ကျိုးစီးပွားနောက်လိုက်တဲ့ ယောင်တောင်တောင်ကောင်တွေဟာ
ကိုယ်ရဲ့အသုံးမကျတဲ့ ကိုယ်ရေးကိုယ်သွေး ၊စုတ်ပြတ်သတ် နုံချာနေတဲ့ အတွေးအခေါ်တွေနဲ့လူထုကိုစော်ကားနေ တယ်။ကျွန်မတို့ လူထု ရဲ့ တုန့် ပြန်မှုဟာ အခုချိန်မှာအမှန်ကန်ဆုံးပဲ။ကျွန်မတို့ ဟာရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းဆိုင်ရာ
အပြောင်းအလဲပေါ်မှာ အသက်ရှင်ရပ်တည်မှုအတွက်ကြိုးစားနေ တာ.. ဒါ ပြီးပြည့်စုံတဲ့ ရပ်တည်ချက် ပဲ။
တကမ္ဘာလုံးမှာ ကွဲပြားခြားနားတဲ့ယဉ်ကျေး မှုတွေ၊ဖြစ်တည်မှု တွေလိုချင်တယ်ဆိုရင် ၆၅ သန်းသာ ရှိတဲ့ မြန်မာနိုင်ငံကိုကာကွယ်တာဟာ ဘယ်ပုံ သဏ္ဍန်ပဲဖြစ်ဖြစ်မှန်ကန်တယ်။
By Kate (2011 .&. 2013)


Kate Dizzel



ကျွန်မတို့ Twenty First Century ဟာ သမိုင်းရဲ့ Pattern ကိုပုံပျက်သွားစေလောက်တဲ့ Revolutionary Explosion နှစ်ခုနဲ့မျက်နှာစာ ကိုစဖွင့်ပါတယ် ။
Information ပေါက်ကွဲမှုနဲ့ World Population Explosion နှစ်ခုပါ။ သတင်းအချက်အလက်ပေါက်ကွဲမှုဟာ Communication လိုင်းတွေကို ပေါက်ပြဲသွားစေပြီး Time Space ကိုလုံးဝနီးပါးကျုံ့ ဝင်သွားစေပါတယ် ။ပြန့် ကျဲနေ တဲ့ Identification အလွှာတွေဟာ High Network Streaming ခုန်ကူးမှုတွေကြောင့် Samuel P. Huntington ရဲ့ Fault Line တွေကို Out of Date ဖြစ်သွားစေပြီး ပြတ်ကျန်စေခဲ့ ပါတယ် ။Autocracy ,Democracy နဲ့ Theocracy တို့ ဟာ ရုန်းကြွပြီး
Boiling point ကိုရောက်လာပါတယ်။Theocracy ဟာ Global စိုးရိမ်စရာဖြန့် ခင်းမှုကြီးဖြစ်လာပါတယ် ။အင်ပါယာ Struggle တွေ နှင့်အတူ Neo Nationalism ဟာခိုင်ခိုင်မာမာ ကို Nation States တွေရဲ့ ပုံရိပ်အဖြစ် နဲ့ တွေ့ မြင်လာရပါတယ်။
Democratic Bubbles တွေဟာလည်း အာရပ်နွေဦးအနေ နဲ့ အသွင်ဆောင်ပြီး တော့ ကစဉ့် ကလျား Middle East တစ်ခုလုံးကို ပုံသွင်းလာပါတယ်။
ကမ္ဘာနိုင်ငံရေးဖြစ်စဉ်ရဲ့ ဒေါက်တိုင်ကြီးတစ်ခုလိုပြောရ မဲ့ Petropolitics အတက်အကျ ဟာ အဆိုပါဖူဖောင်းတွေနဲ့ အလားတူခောတ်ပြိုင်ပုံရိပ်များအဖြစ်
Butterfly effect vibration ကိုပရမ်းပတာ တုန်ခါစေပါတယ်။__________________________World Population ကိုကြည့်မယ်ဆိုရင် နှစ်၂ ရာ အတွင်းမှာ သန်းတစ်ထာင်( One Billion)ကနေပြီးတော့  သန်းခုနှစ်ထောင် (Seven Billion)ခုန်ပြီးပေါက်ကွဲထွက်လာပါတယ်။
ကျွန်မတို့ ရဲ့ သက်တမ်းအတွင်း ၂၀၅၀ မှာ Ten Billion ကိုရောက်လာပါမယ်။ Eco System ၊သဘာဝပတ်ဝန်းကျင်၊ဆင်းရဲချမ်းသာ ကွာဟမှု၊ WMD ၊ Power အကျပ်အတည်း (Power Crisis) ၊ Identity Crisis ၊ Crisis of Existential၊
Modernization ဖိအား၊ Emperor Struggle တွေကြားထဲမှာ ပရမ်းပတာ နဲ့ အရှိတရား ကိုမျက်မှောက်ပြုစေပါတယ်။ Billion နဲ့ချီတဲ့လူအုပ်စုကြီးတွေရဲ့ Social Psychology ဟာ Active /Passive ဆိုတဲ့ ပိုင်းခြားမှု၂ ခုထဲနဲ့လုံးဝ
လုံလောက်မှု မရှိတော့ ပါဘူး ။ Flock Theory တွေအတိုင်း ပရမ်းပတာ အုပ်စုဖွဲ့  တုန့် ပြန်မှု အမူအကျင့် တွေအတိုင်းသာကျွန်မတို့ တွေ့ မြင်ရပါတယ်။

__________________________ဟုတ်ပြီ ဒါဟာ CHAOS ပါ ။ကျွန်မတို့ စီမန် ခန့် ခွဲ နိုင်မှု ရဲ့ ဘောင်ကို ကျော်လွန်ပြီးတော့ ဒီ Explosion ( ပေါက်ကွဲမှု) နှစ်ခုဟာ မျက်နှာချင်း ဆိုင်ပါတယ်။ ပရမ်းပတာ Controlless movement တွေဟာ သန်း၇ထောင် သော (Seven Billion) Population ရဲ့ ပုံရိပ်ကို ထင်ဟပ်စေပါတယ်။
Controlless Position ဟာ Law of inevitability ကိုလိုက်နာပါတယ် ။နောက်ဆုံး ပေါ့ရှင် ကျွန်မတို့ ရဲ့Civilization ဟာနှစ်ခြောက်ထောင်သက်တမ်းမှာ Critical tipping pointလို့ ပြောရမဲ့ သမိုင်းဆိုင်ရာ New Order for Historical Paradigm// Human Era နဲ့ အနားသတ်ဘောင်ခတ်ထားပါတယ်။
ကျွန်မ ဆိုလိုချင်တာ က ကျွန်မတို့ ရဲ့ မြန်မာ မြန်မာပြည်သူလူထုကို သုံးမရလောက်အောင်ပြောနေ တဲ့ နိုင်ငံရေး Figuresကြီးတွေ ၊ဘာသာပြန်စာရေးဆရာတွေ ၊ကိုယ်ကျိုးစီးပွားနောက်လိုက်တဲ့ ယောင်တောင်တောင်ကောင်တွေဟာ
ကိုယ်ရဲ့အသုံးမကျတဲ့ ကိုယ်ရေးကိုယ်သွေး ၊စုတ်ပြတ်သတ် နုံချာနေတဲ့ အတွေးအခေါ်တွေနဲ့လူထုကိုစော်ကားနေ တယ်။ကျွန်မတို့ လူထု ရဲ့ တုန့် ပြန်မှုဟာ အခုချိန်မှာအမှန်ကန်ဆုံးပဲ။ကျွန်မတို့ ဟာရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းဆိုင်ရာ
အပြောင်းအလဲပေါ်မှာ အသက်ရှင်ရပ်တည်မှုအတွက်ကြိုးစားနေ တာ.. ဒါ ပြီးပြည့်စုံတဲ့ ရပ်တည်ချက် ပဲ။
တကမ္ဘာလုံးမှာ ကွဲပြားခြားနားတဲ့ယဉ်ကျေး မှုတွေ၊ဖြစ်တည်မှု တွေလိုချင်တယ်ဆိုရင် ၆၅ သန်းသာ ရှိတဲ့ မြန်မာနိုင်ငံကိုကာကွယ်တာဟာ ဘယ်ပုံ သဏ္ဍန်ပဲဖြစ်ဖြစ်မှန်ကန်တယ်။
By Kate (2011 .&. 2013)
— with Kyaw Win.

Saturday, May 11, 2013

၉ နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ။ ကဲ ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ်။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှုပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ် ပြကွတ် တစ်ခုလည်းဖြစ်သည်။ ၄င်းကို နယူး အမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည်။
အစ်ကို -
အစ်ကိုနဲ့ မိသားစု နေကောင်းရဲ့လား။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျား ဖြစ်ကုန်ပါတယ်။ ကျွန်တော် မျက်လုံး မှိတ်လိုက်တဲ့အခါ လူသေ အလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲ မြင်နေရတယ်။ ကျွန်တော်တို့ အားလုံး တစ်နေ့ကို နာရီ (၂၀) အလုပ်လုပ် ရပါမယ်။ ဒါပေမယ့် တစ်နေ့ကို (၄၈) နာရီလောက် ရှိစေချင်မိတယ်။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာ ဆက်လုပ် နိုင်မယ်။
ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ပါဘူး။ စားနပ်ရိက္ခာ ခွဲတမ်းလည်း ကုန်သလောက် ဖြစ်နေပါပြီ။ ကျွန်တော်တို့ဟာ ဒုက္ခသည် တွေကို အခြားတစ်နေရာ ပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင်ပါတယ်။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမားမှာပါ။ နူကလီးယား စက်ရုံနဲ့ (၂၅) ကီလိုမီတာ အကွာမှာပေါ့။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူတွေ အကြောင်း ဝတ္ထုရှည် တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက် ပါတယ်။
ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ်။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိ ရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း လူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား (ဂုဏ်သိက္ခာထက် ပို အားကောင်းသွား) တဲ့ အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ်။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှုတွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ပင်လယ် သမုဒ္ဒရာထဲကို ဆားတစ်ဆုပ် ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ်။
ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ် သွားစေတဲ့ ဖြစ်ရပ် တစ်ခု ရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် (ဘာလုပ်သင့်တယ်) ဆိုတဲ့ သင်ခန်းစာကို ပေးသွားပါတယ်။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီ ပေးဖို့ပါ။ စားစရာဝေတာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ (၉) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ်။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ်။
ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ့ သူ့အလှည့် ရောက်တော့ စားစရာ ကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့။
ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ်။ သူ့ဆွေမျိုးသားချင်းတွေ အကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း (ရာရှင်) ထုပ်က ထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကို ပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေ ပေးတယ်။
သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ၊ သူက စားစရာထုပ်ကို ယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွားပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကို ထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့ မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာ ထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့တဲ့။
ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည် ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ်တဲ့ ကောင်းကျိုး အတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည် သဘောပေါက်တဲ့ (၉) နှစ်အရွယ် ကလေးငယ် တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်း ဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ။
အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့် တာဝန်ချိန်လည်း ပြန်စပါပြီ။
- ဟာမင်းသန်း ( Ha Minh Thanh )


 

Friday, May 3, 2013

ခေါက်ရုံနဲ့ ပွင့်မယ့်တံခါး မဟုတ်
ပန်းပွင့်စေချင်လို့ ရေလောင်းပေးခဲ့တာ
ရိုးသားပါတယ်......
မြို့ရိုးတော်ကိုတည်ဆောက်နေရသလိ
ဆောင်းရာသီကို ခရီးဦးကြိုနေရသလို
စောင်းမျှင်ကြိုးတန်း သံစဉ်စမ်းညှိနေရသလို
အဲသလိုမျိုး
ငါ..စိတ်ထဲ ကြိတ်ခမ်းနားဖူးခဲ့

ချမ်း
ခင်ဗျားဟာ အဲယားကွန်းအခန်းထဲကဘ၀နဲ့
အပူဒဏ်ကို ကာကွယ်ဖို့....ကြိုးစားတယ်

ရန်ကုန်ကို ပုံတူအဆွဲမှာ
ခင်ဗျားရဲ့ရပ်သွင်ပီပီသသ
ထွက်ကျလာ
အိုဇုန်းလွှာပေါက်ပြဲနေပုံဟာ
စနက်တံဖြုတ်ပြီး
မီးခိုးတဖြာဖြာထွက်နေတဲ့လက်ပစ်ဗုံးလို
သိပ်ကိုကြည့်လို့ကောင်း
လက်ခုပ်တဖြောင်းဖြောင်းတီးကြစို

ချမ်း

Friday, April 19, 2013

ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ…




အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?”
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။

ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။

ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို…

တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။

သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။

နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊”

သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီးထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။ ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်းတဲ့ အချိန်မရှိသလောက်ဘဲ။
ဒါပေမဲ့ အခုတော့…
တခဏလေးမှ အနားမယူတတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။

သူမရှိတော့တဲ့အိမ်ဟာ အရမ်းကိုတိတ်ဆိတ်လွန်းတယ်။
မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေလွမ်းခြုံနေပြီ။

အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။
ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။

မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက်တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့…
ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။

အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေတာ နေရာနှံ့နေပြီ။ ရှာမတွေ့ဘူး။

သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနားမှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။
ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်…
အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်းတစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသားနားနားရှိနေပါစေ အလကားပါဘဲ။

တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြားကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီးတယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃၀လောက်ကုန်တယ်။

ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ်
“ရှင်တို့နဲ့ မခွဲရက်ဘူး… ”

သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံးအိမ်ထဲမှာ မနေနိုင်တော့ပါဘူး…
ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့လင်မယားဒီလောက်ထိချစ်ကြတာကို…

ဒါပေမဲ့…
အဲဒီအချိန်မှာ…

ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမ္ဘာပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။

“သူ ငါ့ကိုထားခဲ့လို့မရဘူး”
“ငါသူ့ကိုလိုအပ်တယ်”

ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။ သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။

ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။ “ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃၀တောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…”

ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ၀မ်းနည်းမှုမျိုးကို မခံစားဖူးသေးလို့ပါ။
ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြပါဘူး။
အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆၀ သိန်း ၁၀၀ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကိုဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။

ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေအားလုံးရယ်ရယ်မောမောနဲ့…

ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်…
ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား…
ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ…


ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ၀ယ်လိုက်တယ်။
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား…
ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။

ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန်တစ်အိတ်ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို…
ကျွန်တော် လုံးဝမသိခဲ့ဘူး… ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို …

ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ…
သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ…

ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘ၀အစိတ်အပိုင်းလေးပါ။ ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။
တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက်ထိကြာပြီလဲဆိုတာကို မမှတ်မိတော့ပါဘူး။


ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်…
တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။

ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”…
သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့…

ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ…
အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။

ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။
အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။
နောက်ဆုံး သူကျွန်တော့ကို ပြောတယ် “အိမ်ပြန်ချင်တယ်…”

ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။


အိမ်ပြန်ရောက်ပြီးတော့…
သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သူခံစားနေရပြီ…
သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။
ကျွန်တော် သူ့ကိုယ်စား ဒ်ီအနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ…

သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်…
ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။
သူကျွန်တော့ကို ပြောသေးတယ်…
“ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်က၀ယ်တာ…”
“ကျွန်တော်အမြဲဝတ်တဲ့ အ၀တ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာသွားဝယ်တာ…”

သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အ၀တ်လျှောစက်သုံးပုံသုံးနည်းသင်ပေးလိုက်သေးတယ်။
နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ ဒီ အ၀တ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့တာပါ။
ဝယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ…
ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်…

မဆုံးခင်ရှေ့တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘ၀မှာ အပျော်ဆုံး အချိန်လေးပါ။ ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘ၀ရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ…

ဒီ ၃လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။
ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်…
ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတ္ထုတွေပါဘဲ…

ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ…

သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်…
မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။ မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ…

အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။
လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး…

အ၀တ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်…
သားအတွက် အ၀တ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်…

သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။ သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက်ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။

အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော်ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ…

ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်…
“ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး”

အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။
သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်… “ပျော်ရွှင်ခြင်း”


ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ…
ချစ်သူဘ၀မှာတုန်းကလဲ “ချစ်”ဆိုတဲ့ စကားကို မသုံးခဲ့ဘူး…
သူ ၀တ္ထုတွေ… ကိုးရီးယားကားတွေကြည့်ပြီးငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်…

အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်…
ကျွန်တော့ရဲ့ “ချစ်ဇနီး”…

မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…?


Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥

.............................................
Copy and Credit to
http://www.facebook.com/photo.php?fbid=4642009167253&set=a.3384615533198.165017.1203802796&type=3&src=http%3A%2F%2Fsphotos-b.ak.fbcdn.net%2Fhphotos-ak-prn1%2F527591_4642009167253_2023926298_n.jpg&size=450%2C338

Thursday, April 18, 2013

What kind of communicator are you?


What kind of communicator are you?


 



Everybody already had known the word that “communication”. I too began know when I was a middle school student. However, when I study systematically, I find it’s complex than I had understand in the past. Moreover, I realize it’s one of the most important things for our life skill. In this article, I would like to state by comparing  my understanding of communication  before  and after I have learnt, and I then will indicate ‘what kind of my communicator am I?’ by comparing and contrasting it.
Firstly, I will express my comprehending of communication before I learn. As for my first understanding of communication; it was “Communication Tower” in  our town because of the word “communication”. I though that talking  each other with telephone or telephonic conversation, sending letter to friends , the radio my father tend to listen every morning and day, are related with communication. Another two are television and telegraph. When I review it, I realized that communication is electronic material such as telephone, TV, radio ,telegraph. I grasped like it until after grade 11.
When I joined university, I could understand  more before. I knew which talking each other or chatting with people  was  communication and also chart or voice chart over sea with internet  or electronic mail. Moreover, I see that books, magazines, newspapers, journals are also communication. Otherwise I comprehended communication be speaking/chatting, reading, writing, internet and media . That is how did I understand communication before I study.
Now, I would like to state my understanding of communication  after I have learnt. Let see where come “communication” from the word. The word “communication” comes from the Latin “communis ,” meaning “to share,” and includes  verbal, non-verbal and electronic means of human interaction.” I want to define  with my own words; “ the process of sharing information(may be feeling, idea, etc..) between sender and receiver by the understandable way such as speaking, reading, writing, wave, frequency and logo.
 On  web, ‘Importance of Communication’ , definition of communication was defined as “Communication is the act of conveying information for the purpose of creating a shared understanding. It’s something that humans do every day. D.J Paul said "it is a process by which people exchange ideas, fax, feelings or impression in ways that each gain a common understanding of the message."  However it’s not a perfect definition, and there can’t be totally a complete definition. Because when I regard specifically about communication, I found that there are many kinds of communication. For example, human communication, business communication, animal communication and electronic  or internet communication ,etc. And definition also is a little different. So we can say that definition tend to base on kind of communication. But basic principle of it is same. In this article, I will focus on human and social communication.
There are various categories of communication and more than one may occur at any time. There are mainly two types of communication these are:
1.Spoken or Verbal Communication
1.Spoken or Verbal Communication; The system of verbal communication has become quite complex, with unique languages each having millions of words.  Since we can interpret as the oral communication which is in the form of spoken words, this may be face-to-face communication or in the form of a telephonic conversation or visual communication or the voice chat over the Internet Written communication (eg. e-mail, social network/ face book, blog etc)can be in the form of snail mail or by an email now a day. 
So verbal communication is again divided into two patterns as written and visual communication; described by On webs, Answer and Skillyouneed as follow.
Written communication; Written communication is sending information by the form of writing  that may be read. Moreover, in written communication the sender and receiver are more distinct. Some of the channel are letters, emails, books, news papers, journals , magazines, the internet or via other media and these are the channel verbal communication.
Visual communication; Visual Communication is the conveyance of ideas and information in forms that can be read or viewed. This includes  Design, Illustration and Animation .For example; print, magazines, screen-based media, interactive web design, short film, design for advertising, promotion, corporate identity, packaging design graph, chart, logo, map and other visualization can communicate massage.
2.Non-Verbal Communication; Non-verbal communication is formed by expressions, expressive behavior and body language. Body language is the person who is communicating by using including  with the body posture, the gestures of the hand and facial expressions . You communicate nonverbally when you gesture, smile , widen your eyes, move your chair closer to someone, wear jewelry, touch someone, or raise your vocal volume—and when someone receives these signals such as eye contact and frown.
When you smile, nod your head in agreement, or wave your hand to someone, you’re
communicating nonverbally. In fact, some researchers argue that you actually communicate
more information nonverbally than you do with words. There are a lot of channel of non-verbal communication. Here’re some channels; body, face, eye, space, artifactual, touch, paralanguage, silence, time, and smell. It is a very important role while communication is taking place since the expressions on a person’s face depicts a lot about the mood he or she is having. 

 

I want to state one else of four types of communication from article “What's Communication And How Many Types Of Communication ?” (by Anonymous)

1.       Assertive communication: It is the most effective and healthiest form of communication. In this type of communication the self esteem of the person is high. It refers to how we naturally express ourselves.

2.        Aggressive communication: It is always involves manipulation like how we attempt to make people do what we want.

3.       Passive communication :It is based on compliance and hopes.

4.        Passive-aggressive: It is a combination of all styles of communication. This communication type avoids direct confrontation (passive), and attempts to manipulate (aggressive).

Now, I would like to express  about type of communicator. I will sate four type of communicator of Guy Perring, Director, Professional Development Unit (PDU), at the British Council Malaysia. (The PDU offers a wide range of learning opportunities from management and communication skills training to developing English skills.)

Action-oriented communicators
* They talk about getting things done, the “bottom line”, moving ahead, decisions and achievements.
* They tend to be direct, impatient, decisive, quick and energetic.
* They have short attention spans, tend to interrupt others and hate small talk.
* Their body language and vocal cues tend to be accurate indicators of what they are feeling.
Process-oriented communicators
* They talk about facts and figures, policies and procedures, analysis and planning.
* They tend to be systematic, patient, unemotional, cautious and logical.
* They have long attention spans and hate off-the-cuff (spontaneous).
* They offer minimal body language and vocal cues about their feelings.
People-oriented communicators
* They talk about needs, motivations, teamwork, values, feelings and beliefs.
* They are spontaneous, empathetic and subjective.
* They hate rigid procedures that fail to take into account human elements.
* Their body language tends to be open and their voices varied.
Idea-oriented communicators
* They talk about innovation and change, new ways of doing things, concepts and possibilities.
* They tend to be full of ideas, provocative and difficult to understand.
* They like to challenge others and hate rules and regulations.
* Their non-verbal and vocal cues vary substantially. When gathering ideas, they like privacy and may be withdrawn; when promoting ideas, their energy level increases.
According to article of Guy Perring, when I review  my type of communicator, it’s not possible to term exactly in one type because  it was mixed. Since I will express in percentage.
Action-oriented communicators(22%)
Process-oriented communicators(29%)
People-oriented communicators(26%)
Idea-oriented communicators(23%)
Being a reader, I want you to suggest to analyze to know ‘what kind of your communicator are you?’ by my article. I believe that we should think about it carefully. Why?. Because If you know what type communicator are you, you will know which community or society  is suitable for you  and, you can use your communication skill effectively in that field. In age of information technology, the role of communication is bigger than before and requirements or standardization in communication is higher than before. And then it become a skill we have to learn and, we need to improve it skill . As I mention in introduction, I have stated only about introduction two main type of communication, kind of communicator.   So I would like you, reader to advice to study another tip such as communication skill, principle of communication, how to improve your communication skill. You will realize what is your weak point and strong point in communication.

By Thang Mawi

References;
What's Communication And How Many Types Of Communication , The #1 Resource for Students, Professors, and Professionals, By Anonymous
What type of communicator are you?(Friday November 17, 2006) ,By Guy Perring
Human Communication, Basic course, 9/E, © 2002, Joseph A. De Vito


ww skillsyouneed.co.uk  skillsyouneed.co.uk