Powered By Blogger

Sunday, March 10, 2013

ချင်းပြည်တော, Poem

ချင်းပြည်တော်









 





ဟိုး အမြင့်က တို့ချင်းပြည်တော်
စီမ်းလဲ့ထင်းရှုး အလှဆင်လို့
နေညိုဝန်းမှာေ၇ာင်စုံမိုးတိမ်
တောင်တန်းထက်ဝေ အလှဆင်လို့.
မက်စဖွယ် အလှ အနှိုင်းမဲ့ပါ...............

အေးချမ်းရာသီ ဆောင်းကုန်နွေကူး
လေပြည်ညင်းလေး တိုက်ခတ်လို့နေ
တောင်တန်းလေးကို အလှဆင်လို့
ဖူးပွင့်ဝေဆာ တောင်ဇလပ်တွေ
ကြွေကာကျနေ မြေနီထက်မှာ...............

ကြေးငှက်တေးသံ ဟိုးတောင်တန်းထက်
ကြားနေခိုက်မှာ ဆလိုင်း မိုင် တို့
အဝေးရောက်တဲ့ ကိုယ့်ချစ်သူကို
လွမ်းဆွတ်တမ်းတ သတိရနေ
အနိုင်းမဲ့တဲ့ တို့ချင်းပြည်တော်..................

ထင်းရှားပါပေ တို့ချင်းပြည်တော်
နွားနောက် ရိဒ်ကန် တောင်ဇလပ်ပန်း
အောက်ချင်းငှက်တွေ ၀ိတိုရိတောင်
ရိုးရာအက ၀တ်စုံတွေနဲ့
လိုက်ဖက်ပါပေ ဆလိုင်း မိုင်တွေ..............

သမိုင်းစာမျက်မှာ တို့ချင်းလူငယ်
တိုက်ပွဲတွေဝင် အရှုးံမပေး
အောက်ချင်းငှက်ရဲ့ စိတ်ဓါတ်သစ္စာ
ဖော်ဆောင်လို့နေ မှင်ရည်မရေး
တို့ချင်းသမိုင်း သွေးနဲ့ ချွှေးနဲ့
ရေးခဲ့ကြစို့ တို့ချင်းသမိုင်း................

သီဆိုကြမယ် အောင်ပွဲသီချင်း
သံပြိုင်အစ်အော် တောင်တန်းထက်မှာ
ကြားပါစေသား အောင်ပွဲသံမြိုင်
ကမ္ဘာမြေပြင် လွှမ်းမိုးသွားအောင်
သီဆိုကြိုကြမယ် ဆလိုင်းမိုင်တွေ.................


ဆလိုင်း နီပဲန်း
ရန်ကုန်

No comments:

Post a Comment