ဒါလေးတော့နောက်ဆုံးမှာ ပိုင်ဆိုင်ချင်မိတယ်
ချင်းအဖိုးကြီးက ကျွန်တော့ကိုပြောဖူးတယ်
ဘ၀ရဲ့အဆုံးပိုင်းကို ဘယ်လိုအဆုံးသတ်ချင်လဲဆိုရင်
ကျွန်တော် စပျစ်ဝိုင် ကောင်းကောင်းချက်တတ်တဲ့ မိန်းမယူမယ်
သူချက်တဲ့ ၀ိုင်လေး သောက်ရင်း ရသစာလေး ပေလေး တွေ ဖတ်ရင်းနဲ့ ကိုယ့်ဘ၀ကို အဆုံးသတ်သွားစေချင်တယ်တဲ့
ကျွန်တော်ကတော့
တောင်ပေါ်မုန်ညင်းဟင်းရည် ကောင်းကောင်းချက်တတ်တဲ့ မိန်းမယူမယ်
သူချက်တဲ့ ဟင်းရည်လေး သောက်ရင်း ဘ၀အကြောင်း၊ သဘာဝအကြောင်း စာတွေဖတ်မယ်၊
နောက် ကဗျာလေးတွေ ဖွဲ့မယ်၊ ဘ၀အကြောင်း၊ သဘာဝအကြောင်း စာစုလေးတွေ ရေးမယ်
ဒါပေမယ့် အချစ်ကြောင်းတော့ မရေးတော့ဘူးလို့ဆုံးဖြတ်ထားတယ်
ဘာလို့လဲဆိုတာ ကျွန်တော်လည်း မသိဘူး....ဒါပေမယ့် ကျွန်တော်ထင်တယ် အဲဒီချိန်မှာ လူတွေအချစ်ကြောင်းပြောရင် ရင်ထဲမှာတစ်မျိုးဖြစ်လိမ့်မယ်
ကျွန်တော် ဘာမှမတောင်းတော့ဆိုပါဘူး...ဒါပေ
By. Chin Apyu Kyi
No comments:
Post a Comment