Powered By Blogger

Sunday, March 31, 2013

”လောကဧည့်သည်” သာဖြစ်ကြောင်း

 ”လောကဧည့်သည်” သာဖြစ်ကြောင်း

 
 
ကျုံးကျုံးသည် ရန်ကုန်တွင် ၁နှစ်နဲ့၆လနီးပါးမျှ(၅လကျော်ကျော်) နေထိုင်ခဲ့ပါသည်။ သူသည် မဟာရန်ကုန်မြို့ပြကြီးတွင် နေထိုင်ခဲ့စဉ်တစ်လျောက်၊ သူ့မိဘများနေရပ်သို့ ပြန်သွားလိုစိတ်စိုးစဉ်းမျှ မရှိခဲ့ချေ။ အကြောင်းမှာ ချုပ်နှောင်မှုတော်တော်များများမှ ကင်းလွတ်ခွင့်ရခဲ့သည့်အပြင် သူ့အိပ်မက်များကိုလည်းအနှောင်အဖွဲ့ကင်းမဲ့စွာမက်ခွင့်ရခဲ့သောကြောင့်ဖြစ်သည်။သို့သော် ရုန်းလို့မရသည့် ချုပ်နှောင်မှုတစ်ခုမှာရန်ကုန်တိုင်းဘယ်မြို့နယ်၊ ဘယ်ရပ်ကွက်၊ ဘယ်သူ့ပိုင်အိမ်မှာ (အဆောင်ဖြစ်ဖြစ်၊အမျိုးအိမ်ဖြစ်ဖြစ်) ဘဲဖြစ်ဖြစ် ဧည့်စာရင်းတိုင်ရခြင်းပင် ဖြစ်သည်။
ဥာဏ်မှီသလောက် ပြောရလျှင်မူဧည့်စာရင်းတိုင်ရမည်ဆိုသည့် အက်ဥပဒေကို ၁၉၀၀ပြည့်နှစ် နှစ်လည်ပိုင်းလောက် (၁၉၀၄-၁၉၀၆) တွင်အင်္ဂလိပ်များ ကြီးစိုးစဉ်ခါကသူပုန်ထကြွမှုများမရှိရလေအောင်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းခဲ့ကြခြင်း ဖြစ်သည်။

အထက်တွင်ရေးခဲ့သည့်အတိုင်း ကျုံးကျုံးဆိုသူတစ်ယောက်သည် အိမ်ပြန်ချင်စိတ် စိုးစဉ်းမျှ မရှိသည့် တိုင်အောင် ကံကြမ္မအလှည့်အပြောင်းကြောင့် အိမ်ပြန်ရမည့်ကိန်းစိုက်ရောက်လာခဲ့ချေပြီ။
အိမ်ပြန်ရောက်သည့် နောက်နေ့မှာပင် ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ ဧည့်စာရင်းသွားတိုင်ရပြန်ပါသည်။ ဘယ်လိုနည်းနဲ့ဘဲစဉ်းစား၊ စဉ်းစားအဖြေမထွက်ချေ။ မိဘအိမ်ပြန်လာသောသားတစ်ယောက် အတွက် ဧည့်စာရင်းသွားတိုင်ဖို့ ဘာကြောင့်လိုအပ်ချက် တစ်ခုဖြစ်နေတာလဲဆိုတာကိုပေါ့။

အမှန်အတိုင်းပြောရရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကစပြီး၊ နိုင်ငံတော် သမ္မတအထိကိုစိတ်ဆိုးလိုက် တယ်ဗျာ။

သူတို့ပြောပြချက်အရတော့ ”လုံခြုံရေး” အရပေါ့တဲ့။
စိတ်ထဲရှိတဲ့အတိုင်းပြောရရင် လုံခြုံရေးဆိုတာ ပြည်သူလူထုတွေ လူရော၊ စိတ်ထဲမှာပါ၊ အေးချမ်းလုံခြုံမှုရှိအောင် လုပ်ဆောင်ရမှ မှုတ်လား… ခုတော့
အများပြည်သူလုံခြုံမှုရရှိဖို့နေနေသာသာဟိုနားမှာဘာဖြစ်ပြန်ပြီ၊ ဒီနားမှာလုယက်သွားပြန်ပြီနဲ့ နေရာအနှံ့ ကြုံရ ကြားနေရတာနားထဲမဆံ့အောင်ပါပဲ။
ဧည့်စာရင်းတိုင်တာနဲ့ပဲ၊ မောင်ဖြူဟာရပ်ကွက်တွင်းလုံခြုံရေးကို နှောက်ယှက်မည့်သူမဟုတ်ကြောင်းဘယ်လိုသိနိုင်မလဲ။ လက်ပစ်ဗုံးကိုင်ပြီးဧည့်စာရင်းတိုင်မည့်သူတစ်ယောက်မှ မရှိဘဲနဲ့ ကိုး။
ထိုအဖြစ်အပျက်ကို ခြုံငုံသုံးသပ်ကြည့်လျှင်မူ ကျုံးကျုံးဆိုသူသည် မိမိကြီးပြင်ခဲ့ရာမိဘအိမ် ပြန်လာရာတွင်လည်းဧည့်သည်အဖြစ်လည်းကောင်း၊ သူ့အိပ်မက်များကိုအကောင်အထည်ဖော်ရန် အကောင်းဆုံးဖြစ်သည်ဆိုသည့်၊သူရွေးချယ်ထားသောရန်ကုန်မြို့တွင်လည်းဧည့်သည်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကအသိအမှတ်ပြုခြင်းခံနေရသူတစ်ဦး ဖြစ်လာသည်။ ဆိုလိုရင်းမှာမိမိသည် ထိုနိုင်ငံသားဖြစ်ပါလျက် (နိုင်ငံသားစိစစ်မှတ်ပုံတင် ကိုင်ဆောင် ထားပါလျက်)နဲ့ ဧည့်သည်သာ ဖြစ်ကြောင်းကိုကောက်ချက်ချမိသည်
နောက်ဆုံးတွင်မူမိမိကိုယ်ကို (စောဝင်းလွင်သီချင်းဖြင့် ပြောရသော်) ”လောကဧည့်သည်” သာဖြစ်ကြောင်းကိုတရားသဘောဖြင့် ဆင်ခြင် သုံးသပ်မိကြောင်းပါခင်ဗျာ။
ထာဝရဧည့်သည် at The Republic of the Union of Myanmar

Sunday, March 24, 2013

စိတ်ကူးနဲ့ချင်းပြည်ကို

စိတ်ကူးနဲ့ချင်းပြည်ကို






http://farm4.staticflickr.com/3589/3328377210_59bc51ab5b_z.jpg?zz=1






ငါလေ
ရှို့ခါစတောင်ယာခင်းတွေကြားမှာ
တောင်အောက်ကစမ်းချောင်းလေးနံဘေးတွေမှာ
ပြီးတော့ထင်းရှုးတန်းတွေအောက်က
တောင်ကြားလမ်းတွေဆီမှာ။

ငါလေ
မီးခိုးတွေအူနေတဲ့ယာတဲလေးတွေဆီမှာ
ခပ်စိုစိုထုတ်တန်းပေါ်ကဆေးဗူးနဲ့
သတင်းစာဟောင်းတွေဘေးမှာ
ပြီးတော့တောင်စောင်းစပါးခင်းစိမ်းတွေဆီမှာ။

ငါလေ
နှင်းပေါက်တွေခပ်စိပ်စိပ်ကျထားတဲ့
တောင်ယာလမ်းတွေဆီမှာ
ရိတ်သိမ်းစတောင်ယာစပါးပုံတွေဘေးမှာ
ပြီးတော့ခေါင်အိုးတွေချထားတဲ့မီးဖိုးဘေးက
နွားနောက်သားရေတွေပေါ်မှာ။

ချင်းအဖိုးကြီး

လှည်းတန်းစာမျက်နှာ


 လှည်းတန်းစာမျက်နှာ


https://lh3.googleusercontent.com/_wCSzxFBaoQQ/TbQ_ZMouGFI/AAAAAAAABAY/4KTJSxPuPUQ/s800/china-town-yangon-night.jpg



လှည်းတန်းကို လူငယ်တွေကသူ့ခေတ်သူ့အခါဖြတ်သန်းနေကြတယ်
ကျွန်တော်ဖြတ်သန်းဖူးတဲ့လှည်းတန်း၊ကျူးကျော်တဲလေးတွေရှိခဲ့တဲ့လှည်းတန်း
အဖေ၊အမေ၊အကိုနဲ့ကျွန်တော် ဖြတ်သန်းဖူးတဲ့လှည်တန်း
ခေတ်ကိုထင်ဟပ်၊ဘ၀ကိုရောင်ပြန်ဟပ်တဲ့လှည်းတန်း
ကျွန်တော်ငယ်ငယ်တုန်းကလှည်းတန်း ၊မိသားစုလှည်းတန်း
... သူငယ်ချင်းတွေနဲ့ ညလုံးပေါက်လှည်းတန်း အမြဲစိမ်းလန်းပါစေလှည်းတန်း
(ဆရာချမ်းငြိမ်းလိုပဲ လှည်းတန်းနဲ့ပတ်သက်ပြီးကျွန်တော့်မှာစာမျက်နှာတွေရှိခဲ့)


ဆလိုင်းမာန်

နှုတ်မဆက်သွားသော သူငယ်ချင်းတစ်ယောက်အကြောင်း

နှုတ်မဆက်သွားသော သူငယ်ချင်းတစ်ယောက်အကြောင်း................။



http://bitsofwisdom.org/wp-content/uploads/2012/12/friendship.jpg
နှစ်ဆန်းတစ်ရက်နေ့။ အဲဒီနေ့ပေါ့ မင်းငါ့ကို ဘာမှနှတ်မဆက်.. အသိမပေးပဲနဲ့ လောကကြီးကနေ ထွက်ခွာသွားခဲ့တာ.....တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာပဲ ငါက မင်းအကြောင်းကို အခြားသူငယ်ချင်းတစ်ယောက်နဲ့ စကားလက်ဆုံကျနေမိတာ...။.....။
မောင်ကြီး၊ သီဟမောင်၊ ပြီးတော့ (ဆရာမတွေမင်းကိုခေါ်ကြတဲ့) ရှည်ရှည်ကောင်၊ အရှည်ကြီး။ မင်းရဲ့နာမည်၊ နောက်မင်းရဲ့ နာမ၀ိသေသနတွေအများကြီး။ ငါဘယ်တောမှ မမေ့နိုင်ဘူး။ မင်းက အရပ်ရှည်သလို စိတ်လည်းရှည်တယ်။ ပြီးတော့ ငါလက်လှမ်းမမှီတဲ့ အရာတွေကို မင်းကခြေဖျားထောက်လေးထောက်ပြီး ယူပေးခဲ့ဖူးတယ်...ငါကမင်းကိုပြန်လုပ်ပေးနိုင်တာက စားပွဲခုံအောက်ထဲ ပြတ်ကျသွားတဲ့ မင်းဘောလ်ပင်ကို ပြန်ကောက်ပေးနိုင်တာပဲ ရှိခဲ့တယ်...
မင်းပြောတော့ မင်းဆေးရုံကဆင်းရင် ငါတို့.... ထုံးစံအတိုင်း ရှော့ပင်းမောတွေလျှောက်သွားပြီး ဘောလ်ပင်လေးတစ်ချောင်းဝယ်ပြီးတော့ ကောင်မလေးတွေ လိုက်ငမ်းမယ်ဆို....
လိုင်းကားကို ကားခမပေးပဲ ဘေလျှောက်စီးပြီး တစ်နေရာပြီးတစ်နေရာရွေ့ကြမယ်ဆို..........ခုတော့ မင်း.....၊မင်းကွာ......။
ငါတို့.......မြီးကောင်ပေါက်စဘ၀....။
ငါတို့ကိုမတရားတဲ့ ပုဂိုလ်ရဲ့ အိမ်ကို နေ့ခင်းကြောင်တောင်ကြီး အုတ်ခဲနဲ့သွားထုခဲ့ဖူးကြတယ်....
မိုးရွာထဲမှာ ခမောက်ကြီးတွေဆောင်းလို့ ခုံဖိနပ်တွေစီးပြီး အမှတ်(၃)လမ်းမကြီးပေါ်မှာ လမ်းလျှောက်ပြီး ဂစ်တာတီး၊ ကောင်မလေးတွေနောက်လိုက်ပြီး သီချင်းတွေဆိုခဲ့ကြဖူးတယ်....

ရန်ဖြစ်ရင် ဘယ်အချိန်မဆိုမင်းနဲ့ ငါနဲ့က မဟာမိတ်တွေဖြစ်ကြပြီးတော့ ငါတို့အနိုင်ရတဲ့အခါမှာ ပျော်လို့ လက်ဖက်ရည်ဆိုင်မှာ မမောနိုင်မပန်းနိုင် အရသာရှိရှိနဲ့ ပြန်ပြီးပြောကြ၊ စားမြုံ့ပြန်ကြနဲ့......အရေးနိမ့်တဲ့ အခါကျတော့ တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ပြီးတော့...သူ့မျက်နှာက ပိုရုပ်ဆိုးတယ် ကိုယ့်မျက်နှာက ပိုယောင်ကိုင်းတယ်နဲ့ ပြန်ပြီးရယ်ကြမောကြ.....။မင်းနဲ့ ငါနဲ့.......အတူတူ အမြဲတမ်းရှိခဲ့ဖူးကြ....။
မိန်းကလေးတစ်ယောက်ကို ပြိုင်တူ စိတ်ဝင်စားမိပြန်တော့လည်း မင်းက မင်းခံစားချက်ကို ရင်ထဲမှာပဲ ထားပြီး ရှော်ပေးခဲ့ပြီး ငါ့ကိုမင်းက အပြည်အ၀ကူညီထောက်ခံပေးခဲ့ပြန်ရော.....နောက်ကျမှငါပြန်သိတော့ ငါလည်း စိတ်မကောင်းဖြစ်မိပြန်ရော.....
မင်းငါ့အပေါ်ကောင်းခဲ့တာတွေ....ပြန်စဉ်းစားတော့ အံ့ရော အံ့ရော.....
ထူးဆန်းပါပေ့ကွာ....သေခြင်းတရားတဲ့။....တော်တော့်ကို အူကြောင်ကြောင်နိုင်ဖို့ကောင်းပါတယ်...
မင်းလိုလိမ္မာတဲ့ သားတစ်ယောက်...ပတ်ဝန်းကျင်ကို ဘယ်တော့မှ မဟုတ်တာ မလုပ်တဲ့ လူကောင်းတစ်ယောက်အတွက်ကျတော့ အသက်ရှူချိန်က နည်းလွန်းခဲ့တယ်....ငါတို့လို လူဆိုးသားမိုက်တွေအဖို့ကျတော့ သက်ဆိုးရှည်နေပြန်ရော.....။.မင်းငါ့ကို စာရှင်းပြဖူးတာတွေ.....ဘိုင်ပြတ်တဲ့အချိန် ဗီဒီယိုကားထဲက စုံတွဲတွေလို အအေးတစ်လုံးကို နှစ်ယောက်သောက်ခဲ့ကြတာတွေ....ပြန်သတိရတယ်ကွာ...ကျောင်းကို နောက်အကျဆုံးမှ ရောက်လာတဲ့ကောင်ကို မု့န်ဝယ်ကျွေးကြေး၊
လိမ္မော်သီးဖတ်တွေနဲ့ အနားကပ်ပြီးမျက်လုံးကို ညှစ်ကြတာတွေ၊ စစ်တိုက်ခဲ့ကြတာတွေ....ငါတို့ရဲ့ survival ဂိမ်းတွေ...နောက်ပြီး ကျူရှင်ပြေးခဲ့တာတွေ...ကျောင်းပြေးပြီး တစ်နေကုန်ဂိမ်းဆော့ခဲ့ကြတာတွေ....အာလား.........အများကြီးပါပဲ.....
ခုမင်း ဘယ်လိုရှိမလဲ၊ ဘယ်လိုနေမလဲ မသိဘူးနော်......မင်းရဲ့နောက်ဆုံးမျက်နှာတောင် ငါမမြင်လိုက်ရဘူး...။ငါညံ့ပါတယ်....မင်းရဲ့ နောက်ဆုံးအချိန်မှာ ကျိန်းသေပေါက်ငါရှိသင့်တာပေါ့....မင်းကလည်း ချက်ချင်းအကောင်းကြီးကနေ ရုတ်တရက်ထွက်ခွာသွားတော့..................
နောက်ဆုံး..............
မင်းထွက်ခွာသွားခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ညကို ငါ...........သတိရနေမိတယ်ကွာ.....မင်းလည်း ရောက်ရာအရပ်မှာ အဆင်ပြေပါစေ...ငါလည်း ဒါလေးပဲ တတ်နိုင်တယ်....နောက်ပြီးတော့.....အခြားဘော်ဒါတွေနဲ့ တွေ့ရင် ပိုသတိရလာမိတယ်ကွာ........ဟေ့ကောင်...ငါမင်းကိုလွမ်းတယ်ကွ............။....။

ဆလိုင်း ပီတာ





Friday, March 22, 2013

တစ်နေ့ကျရင်

တစ်နေ့ကျရင်

 







 




တစ်နေ့ကျရင် ဒီလိုသစ်လုံးအိမ်လေးတစ်လုံးမှာ
အေးအေးချမ်းချမ်းနဲ့နေနိုင်ဖို့မျှော်လင့်တယ်။
မြို့ပြမှာ နေချင်စိတ်မရှိတော့ပါဘူး ၊ဒါ့ကြောင့်ဒီလိုစိတ်ကူးလေးပေါ်လာတာပေါ့ ၊ခင်ဗျားတို့ကျွန်တော့်ဆီလာလည်တဲ့အခါမ၀င့်မရဲမဖြစ်ရလေအောင် အိမ်ကိုလည်းခမ်းခမ်းနားနားကြီးတည်ဆောက်ဖို့စိတ်ကူးမရှိဘူး။ဒါ့ကြောင့်သစ်လုံးအိမ်အနေတော်လေးပဲဆောက်ထားမယ်။ ကျွန်တော့်အိမ်ဆိုတော့ ကျွန်တော်ပဲရှိမှာပေါ့ ၊ တစ်နေ့ကျရင်အဲ့ဒီသစ်လုံးအိမ်လေးမှာ ပီရာနိုနည်းနည်းပြန်ကျင့်မယ်။စာလေးဘာလေးရေးမယ်


ဆလိုင်းမာန်