Powered By Blogger

Monday, February 8, 2016

ရိုးရိုးလေးပဲ အသက်ရှင်မယ်

***************************
သူတို့ နှစ်ယောက်ရဲ့ ဝတ်စားပုံနဲ့ နေထိုင်ပုံက ရိုးရိုးလေးပဲ။ ကောင်မလေးက အမေရိကန်ကို နိုင်ငံရေး ခိုလှုံဖို့  ပြေးလာတဲ့ တရုတ်-ဗီယက်နမ် မျိုးဆက်ကမွေးတယ်။ နာမည်က ပရင်စလာချန်။ ကောင်လေး နာမည်က မက်ခ် ဇက်ကာဘက်။ သူက အမေရိကန်ဖွား ဂျူးလူမျိုး ဘာသာမဲ့ တစ်ယောက်။ ဟားဗတ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းပါတီမှာ သူတို့  စတွေ့ တယ်။ ၂၀၀၃ မှာ စကြိုက်ကြတယ်။
၂၀၀၄ မှာ ကောင်လေးက သူ့ အိမ်မက်တွေ အကောင်အထည် ဖော်ဖို့  ကျောင်းထွက် သွားတယ်။ နောင်သုံးနှစ် အကြာ ၂၀၀၇ မှာ သူ့  အိမ်မက်က ကမ္ဘာကျော်သွားပြီး အသက် ၂၃ နှစ်နဲ့  ကမ္ဘာ အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတယ်။ ၂၀၁၂ မေ ၁၉ မှာ ငယ်ချစ် နှစ်ယောက် လက်ထပ် ကြတယ်။ ကောင်လေးရဲ့ အိမ် နောက်ဘက်က မြေကွက်မှာပဲ လက်ထပ်ပွဲ ရိုးရိုးလေး ကျင်းပတယ်။ မီဒီယာ တွေမှာ ဘီလီနာ စုံတွဲရဲ့  အိမ်နောက်ဖေးက မင်္ဂလာပွဲ လို့ သတင်းရေး ကြတယ်။
၂၀၁၅ ဒီဇင်ဘာမှာ ကောင်လေး ပိုင်တဲ့ Facebook လုပ်ငန်းစုဟာ ကမ္ဘာတန်ဖိုး အကြီးဆုံး အမှတ် တံဆိပ် ၁၀ ခု ထဲမှာ ပါလာပြီး သူရဲ့ ကြွယ်ဝမှု က ဒေါ်လာ ၄၅ ဘီလီယံ ဖြစ်လာတယ်။ ၂၀၁၅ ဒီဇင်ဘာ ၁ မှာ သမီးဦးလေး မွေးတယ်။ သမီးလေး မွေးပြီးတော့ ပိုင်ဆိုင်မှုရဲ့  ၉၉ ရာခိုင်နှုန်း လှူမယ် ဆုံးဖြတ်တယ်။ သူ့ ငွေတွေနဲ့  ကမ္ဘာနေရာ အနှံ့ က လူသားတွေ အတွက် ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံ သုတေသန နဲ့  စွမ်းအင် တို့ ကို ညီမျှစွာ ရရှိအောင် ပံ့ပိုးမယ်လို့  ဆုံးဖြတ်ထားတယ်။ ဒါက ကျွန်တော်တို့  အခု သုံးနေတဲ့ Facebook ဆိုတဲ့ လူမှုကွန်ယက် ကို တည်ထောင်ခဲ့တဲ့ ကမ္ဘာ အကြွယ်ဝဆုံး ဘီလီယံနာ တစ်ယောက် ရဲ့  ဘဝကို ဖြတ်သန်းနေပုံပေါ့။
သူနဲ့ ဆန့် ကျင်ဘက်ပုံစံ ဘဝကို ဖြတ်သန်းနေတဲ့ ဘီလီယံနာ တွေလည်း ရှိတယ်။ ဥပမာ - တရုတ် နံပါတ် ၁ ဘီလီယံနာ ဝမ်ကျန်လင်။ သူဟာ ဒေါ်လာ ၂၅ ဘီလီယံ ပိုင်မယ် ခန့် မှန်းရတယ်။ ဒီကောင်လေး ပိုင်ဆိုင်မှုရဲ့  တဝက်လောက် ရှိတယ်။ ဘဝကို ဖြတ်သန်းပုံတော့ မတူဘူး။ သူတို့  ကြွယ်ဝမှုကို ပြဖို့ တန်ဖိုးကြီး ကျောက်စိမ်းနဲ့  လုပ်တဲ့ ပရိဘောဂ တွေ ဝယ်ရတယ်။ အခမ်းနားဆုံး အိမ်ကို ဆောက်ရတယ်။ လွန်ခဲ့တဲ့ နှစ်တွေက သူရဲ့ သားကနေ အိမ်မွေးခွေးကို ဈေးကြီးတဲ့ Apple နာရီ နှစ်လုံးပတ်ပြီး လူမှုကွန်ယက်မှာ ဓာတ်ပုံ ရိုက်တင် ကြွားခဲ့တယ်။
အာရပ်ကမ္ဘာက စော်ဘွားတွေလည်း ဒီကောင်လေး တဝက်လောက်တော့ ချမ်းသာတယ်။ သူတို့  လည်း ပင်ပန်းရှာတယ်။ နေ့ တိုင်း အဖိုးတန် သစ်မွှေးအဆီ နဲ့ ထုတ်တဲ့ ပစ္စည်းတွေ သုံးရတယ်။ ရွှေချထားတဲ့ မာစီးဒီးကားတွေ၊ ရွှေတုံး ထုတ်ပေးတဲ့ အေတီအမ် စက်တွေ၊ တန်ဖိုးကြီး ပြိုင်ကား၊ နာရီတွေ နဲ့ ရွှေအတိပြီးတဲ့ ပရိဘောဂ ပစ္စည်း တွေ သုံးပြီး ကြွယ်ဝမှုကို ပြိုင်ရရှာတယ်။ တပွဲကို မြန်မာငွေ သိန်း သုံးဆယ်လောက် တန်တဲ့ ရေခဲမုန့် ကို စားပြရတယ်။ ပြီးရင် ခုန ကောင်လေး ပိုင်တဲ့ Facebook လူမှု ကွန်ယက် မှာ တင်ကြွားရတယ်။
မက္ကဆီကို မူးယစ်ရာဇာ အယ်ချာပိုရဲ့  သား တွေလည်း သူတို့ ကြွယ်ဝမှု နဲ့ သြဇာ ရှိမှုကို လူမသိမှာ ကြောက်နေတယ်။ ဒါကြောင့် ဈေး အကြီးဆုံးကားတွေ အများကြီး ဝယ်ထားရတယ်။ မလိုဘဲနဲ့ အိုင်ဖုန်း အများကြီး ဝယ်ပြီး ရေထဲ စိမ်ပြရတယ်။ သိန်း ထောင်ချီပေးရတဲ့ သားရဲ တိရစ္ဆာန်တွေ မွေးပြတယ်။ သေနတ်တွေ ကိုင်ပြတယ်။ မိန်းမချောလေးတွေကို အနားမှာ အများကြီး ခေါ်ထားရတယ်။ ပြီးမှ ဒါတွေ အကုန် ဓာတ်ပုံရိုက် ခုနက ကောင်လေး ပိုင်တဲ့ Facebook ရဲ့  လုပ်ငန်းစု တစ်ခု ဖြစ်တဲ့ Instragram လူမှု ကွန်ယက်မှာ တင်ရတယ်။ သူတို့လည်း မသက်သာပါဘူး။
မြန်မာပြည် သူဌေးသားတွေလည်း ပင်ပန်းတာပဲ။ သိန်းထောင်ဂဏန်း နာရီတွေ နဲ့  အဖိုးတန် ပြိုင်ကားတွေ ဝယ်ပြီး ဓာတ်ပုံ ရိုက်တင်ရတယ်။ စိန်စီသောညမှာ မင်္ဂလာ ဆောင်ပြရတယ်။ ပန်းသီး တခြမ်းပဲ့ပုံ တံဆိပ် နဲ့  အခြား တန်ဖိုးကြီး တံဆိပ် တွေကို သူများမြင်အောင် အမျိုးမျိုး စဉ်းစားပြီး ဓာတ်ပုံ ရိုက်ရတယ်။ ပြီးရင် ခုနက ကောင်လေးရဲ့  လူမှုကွန်ယက် မှာ တင်ရတယ်။ သူတို့ မိဘ သူဌေးတွေလည်း သိပ် မသက်သာ ပါဘူး။ သိန်းပေါင်း များစွာ အကုန်ခံပြီး ဘုရား တွေတည်၊ သူတို့ နာမည် ကမ္ဗည်းထိုး၊ ရွှေအတိ ပြီးတဲ့ အင်္ကျီ အလေးကြီး ဝတ်ပြီး ရေစက်ချ ရတယ်။ ဒါမှ ဘာသာတရား ကိုင်းရှိုင်း တာရယ်၊ ချမ်းသာတာရယ် လူသိမယ်။
ဘဝမှာ ငွေကြေး ချမ်းသာမှု ဆိုတာ အကြောင်းကြောင်း ကြောင့် ရရှိနိုင်တယ်။ ဒီ ချမ်းသာမှုကို ဘယ်လို အသုံးချနေလဲ က ပို အရေးကြီးတယ်။
ကိုယ် လုပ်နေတဲ့ လုပ်ငန်း ပိုအောင်မြင်အောင် လုပ်မယ်။ လူတွေ အများကြီး အလုပ်အကိုင် ရရှိအောင် ဖန်တီးမယ်။ လူပတ်ဝန်းကျင်နဲ့  ကမ္ဘာမြေကြီး ကို အကျိုးပြုမယ်။ ဝါသနာပါရာ တွေကို စိတ်ကြိုက် ဖန်တီးမယ်။ ဘဝကို အကျေနပ်ဆုံး ဖြတ်သန်းမယ်။ ဒါဆို သိပ် အေးချမ်း ကျေနပ်စရာ ကောင်းပါတယ်။
ကိုယ့်ကို သူများတွေက အထင်ကြီးလာဖို့ သို့  ကိုယ် ချမ်းသာတာ ပတ်ဝန်းကျင်က သိဖို့ နေထိုင်ရ၊ ကြိုးစား ဓာတ်ပုံရိုက်ပြ နေရင်း အချိန်ကုန် သွားရတာ ပင်ပန်းလွန်းပါတယ်။ တခြားလူတွေနဲ့ ပါ ပြိုင်နေရတော့ ပူလောင်တယ်။ ငွေတွေလည်း အလကား ကုန်တယ်။ ဒါတွေ လုပ်ပြနေမှ လူ အထင်ကြီးမှာ မဟုတ်ပါဘူး။ ဘဝရဲ့  အမွန်အမြတ် ဆိုတာ ရိုးရိုးလေး ရှင်သန်ရတာပါ။
၂၀၀၄ တုန်းက ဇက်ကာဘက်ဆိုတဲ့ ကောင်လေး က Facebook ဆိုတဲ့ လူမှုကွန်ယက် ကို စတည်ထောင် ခဲ့တယ်။ အခု သူ ၃၂ နှစ်ရှိပြီ။ ကမ္ဘာ အချမ်းသာဆုံး ဘီလီယံနာ တစ်ယောက် ဖြစ်တယ်။ သူတို့  နှစ်ယောက် ထက်တော့ ကျွန်တော်တို့  ပို မချမ်းသာနိုင်ပါဘူး။ သူတို့ တောင် ဘဝကို ရိုးရိုးလေးပဲ ဖြတ်သန်းနေပါတယ်။ Facebook ကိုလည်း ရိုးရိုးလေးပဲ သုံးနေပါတယ်။
Photo Credit - Internet
https://www.facebook.com/profile.php?id=100004144057168 မှကူးယူသည်။

Monday, December 23, 2013

အို အသင်တိမ်တိုက်
မနက်ခင်းတံခါး ကိုယ်ဖွင့်လိုက်တိုင်း
မဖိတ်ခေါ်ပဲ အသင်သည် ရောက်လာတတ်၏

ညနေခင်းတံခါးတွေ
ကိုယ်ပိတ်လိုက်တဲ့အခါ
မြူမှိုင်းတွေနဲ့အတူလွင့်ထွက်ခွါသွားကာ
ကိုယ့်တစ်ရောက်ထဲကို ထားသွားပြန်တယ်
အို အသင်တိမ်တိုက်
မနက်ခင်းတံခါး ကိုယ်ဖွင့်လိုက်တိုင်း
မဖိတ်ခေါ်ပဲ အသင်သည် ရောက်လာတတ်၏

ညနေခင်းတံခါးတွေ
ကိုယ်ပိတ်လိုက်တဲ့အခါ
မြူမှိုင်းတွေနဲ့အတူလွင့်ထွက်ခွါသွားကာ
ကိုယ့်တစ်ရောက်ထဲကို ထားသွားပြန်တယ်
အို အသင်တိမ်တိုက်
မနက်ခင်းတံခါး ကိုယ်ဖွင့်လိုက်တိုင်း
မဖိတ်ခေါ်ပဲ အသင်သည် ရောက်လာတတ်၏

ညနေခင်းတံခါးတွေ
ကိုယ်ပိတ်လိုက်တဲ့အခါ
မြူမှိုင်းတွေနဲ့အတူလွင့်ထွက်ခွါသွားကာ
ကိုယ့်တစ်ရောက်ထဲကို ထားသွားပြန်တယ်

Tuesday, May 28, 2013

Great Power Competition in the Indian Ocean

Kate Dizzel

ကျွန်မတို့ မြန်မာနိုင်ငံဟာ နှစ်အနည်းငယ်အတွင်း စစ်ရေး၊နိုင်ငံရေး၊စီးပွားရေးတိ

ု့ မှာဒေသတွင်းအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာပါလိမ့်မယ်။
ဟုတ်ပြီ ကျွန်မတို့ မြန်မာနိုင်ငံကို Grand Competitive Strategic struggle ပေါ်ကိုခပ်ပါးပါး တင်ကြည့်လိုက်ပါမယ် ။ကမ္ဘာရဲ့ Trend ဟာအိန္ဒိယ Ocean ကို စစ်ရေး၊စီးပွားရေး၊နိုင်ငံရေး ရာနှုန်းပြည့်နီးပါး ပုံအောရမှာပါ။
Three Straits Strategy ( Straits of Mandeb ,Malacca ,Hormuz) : Three Straits Strategy ဟာ Channel နှစ်ခု ကနေပြီးတော့
စူးအက်တူးမြောင်း ကို ဗဟိုပြုတယ်။ Africa Channel မှာ Red Sea (South Gate )တောင်ဖက်ထွက်ပေါက်ရဲ့ Mandeb Strait နှင့်
Middle East Channel :အရှေ့ အလယ်ပိုင်း ပါရှန်းပင်လယ်ကွေ့ ( Persian Gulf) ဟာ့မို့ စ်ရေလက်ကြား Strait of Hormuz တို့ ကို String of pearls strategy နဲ့ support လုပ်တယ်။
Middle East Channel မှာ ဟောမို့ စ်ရေလက်ကြား Strait of Hormuz အတွက်ဆိုရင် String of pearls strategy ဟာ ကျောက်ဖြူ၊ ဘင်္ဂလားဒေံရှ် ၊သီရီလင်္ကာ ၊ပါကစ္စတန်၊အီရန်၊အီရတ် ၊အီဂျစ်၊တူရကီအထိ
Channel ကိုဖွင့်ထားတယ်။Africa Mandeb Strait အတွက်မြန်မာ၊ မောလ်ဒိုက်ကျွန်း၊ (Maldives)၊ ဆိုမာလီယာ ၊အီဂျစ်အပါအ၀င် အာဖရိကအားလုံး ၊ဒီမျက်နှာစာတွေဟာ မြန်မာနိုင်ငံကပဲဗဟို ပြုပြီးထွက်ရတယ်။
မြန်မာနိုင်ငံရဲ့ ရခိုင်၊ရန်ကုန်၊ထားဝယ် ဒီ West Coast အခြမ်း ဟာ အိန္ဒိယ Oceanအတွက်အသဲနှလုံးပါပဲ။
ဟုတ်ပါပြီ US ကဒုတိယကမ္ဘာစစ်အပြီး မာရှယ်စီမံကိန်း( Marshall Plan )နဲ့ ဥရောပကိုဆွဲတင်လိုက်တယ်။ Asia မှာဆိုရင် Taiwan,Japan ,Korea,Thailand ,China ,Philippine ,India အစရှိသဖြင့်နောက်ဆုံး
ဗီယက်နမ် တို့ ကို Structure Shift နဲ့ Power ကို Push လုပ်ပါတယ်။အမေရိကန် Power Projection ကို ကြည့်လိုက်ရင် ပစိဖိတ် Ocean နဲ့ အိန္ဒိယ Ocean တို့ ကိုဖြန့် ကျက် ထားပါတယ် ( Asia Pacific)
ဒါ US ရဲ့ China အတွက် Containment Policy ပါပဲ။
အဓိကပြောချင်တဲ့ အကြောင်းအရာက US ရဲ့ Power Projection အတွက်ပဲဖြစ်ဖြစ် ၊ China ရှဲ့Super Power Struggle အတွက်ပဲဖြစ်ဖြစ် ကျွန်မတို့ နိုင်ငံဟာ Strategical Center ဖြစ်နေတဲ့အတွက်ကြောင့်ဒီနိုင်ငံကို
ကျော်ပြီးတော့ဘာမှလုပ်လို့ မရဘူး။ကျွန်မတို့ နိုင်ငံရဲ့Policy Makers တွေနဲ့Decision Makers တွေဟာ ဒီနိုင်ငံရဲ့တန်ဖိုးကိုသိကိုသိရပါမယ်။Driving နဲ့ Driven ကိုကောင်းကောင်း သဘောပေါက်ထားဖို့ လိုပါတယ် ။ကျွန်မတို့ မြန်မာနိုင်ငံဟာ နှစ်အနည်းငယ်အတွင်းမှာ စစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊ယဉ်ကျေးမှုတို့ မှာဒေသတွင်းအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာပါလိမ့်မယ်။
China အနေနဲ့ ကျွန်မတို့ နိုင်ငံကို Strategic Alliance မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံအနေနဲ့ ဂုဏ်သိက္ခာရှိရှိ မဆက်ဆံလို့ ကိုမရတဲ့ အခြေအနေပါ။တရုတ်နိုင်ငံအနေနဲ့ ကျွန်မတို့ နိုင်ငံကို လောလောဆယ်မှာတော့ ရှိန်ပြီးတော့ကျောက်ကန်ကန်နေတဲ
အနေအထားမှာပဲ ရှိတယ် ။အဲဒါကအရေးမပါပါဘူး ။ရေရှည်မှာဒီနိုင်ငံရဲ့တန်ဖိုးကို ဂုဏ်သိက္ခာရှိရှိပေးဆပ်ခြင်းကသာလျှင် အဲဒိနိုင်ငံတွေအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ နောက်ဆုံး အနေနဲ့ ကျွန်မတို့ ဒေသတွင်းအင်အားကြီး နိုင်ငံအနေနဲ့ တက်လှမ်းရပါလိမ့်မယ် ။
By Kate
 
copy from;https://www.facebook.com/photo.php?fbid=455213777900833&set=p.455213777900833&type=1&theater

သမိုင်းရဲ့ Pattern ကိုပုံပျက်သွားစေလောက်တဲ့ Revolutionary Explosion နှစ်ခုနဲ့မျက်နှာစာကိုဖွင့်လှစ်

Photo: Kate Dizzel

ကျွန်မတို့ Twenty First Century ဟာ သမိုင်းရဲ့ Pattern ကိုပုံပျက်သွားစေလောက်တဲ့ Revolutionary Explosion နှစ်ခုနဲ့မျက်နှာစာ ကိုစဖွင့်ပါတယ် ။
Information ပေါက်ကွဲမှုနဲ့ World Population Explosion နှစ်ခုပါ။ သတင်းအချက်အလက်ပေါက်ကွဲမှုဟာ Communication လိုင်းတွေကို ပေါက်ပြဲသွားစေပြီး Time Space ကိုလုံးဝနီးပါးကျုံ့ ဝင်သွားစေပါတယ် ။ပြန့် ကျဲနေ တဲ့ Identification အလွှာတွေဟာ High Network Streaming ခုန်ကူးမှုတွေကြောင့် Samuel P. Huntington ရဲ့ Fault Line တွေကို Out of Date ဖြစ်သွားစေပြီး ပြတ်ကျန်စေခဲ့ ပါတယ် ။Autocracy ,Democracy နဲ့ Theocracy တို့ ဟာ ရုန်းကြွပြီး
Boiling point ကိုရောက်လာပါတယ်။Theocracy ဟာ Global စိုးရိမ်စရာဖြန့် ခင်းမှုကြီးဖြစ်လာပါတယ် ။အင်ပါယာ Struggle တွေ နှင့်အတူ Neo Nationalism ဟာခိုင်ခိုင်မာမာ ကို Nation States တွေရဲ့ ပုံရိပ်အဖြစ် နဲ့ တွေ့ မြင်လာရပါတယ်။
Democratic Bubbles တွေဟာလည်း အာရပ်နွေဦးအနေ နဲ့ အသွင်ဆောင်ပြီး တော့ ကစဉ့် ကလျား Middle East တစ်ခုလုံးကို ပုံသွင်းလာပါတယ်။
ကမ္ဘာနိုင်ငံရေးဖြစ်စဉ်ရဲ့ ဒေါက်တိုင်ကြီးတစ်ခုလိုပြောရ မဲ့ Petropolitics အတက်အကျ ဟာ အဆိုပါဖူဖောင်းတွေနဲ့ အလားတူခောတ်ပြိုင်ပုံရိပ်များအဖြစ်
Butterfly effect vibration ကိုပရမ်းပတာ တုန်ခါစေပါတယ်။__________________________World Population ကိုကြည့်မယ်ဆိုရင် နှစ်၂ ရာ အတွင်းမှာ သန်းတစ်ထာင်( One Billion)ကနေပြီးတော့  သန်းခုနှစ်ထောင် (Seven Billion)ခုန်ပြီးပေါက်ကွဲထွက်လာပါတယ်။
ကျွန်မတို့ ရဲ့ သက်တမ်းအတွင်း ၂၀၅၀ မှာ Ten Billion ကိုရောက်လာပါမယ်။ Eco System ၊သဘာဝပတ်ဝန်းကျင်၊ဆင်းရဲချမ်းသာ ကွာဟမှု၊ WMD ၊ Power အကျပ်အတည်း (Power Crisis) ၊ Identity Crisis ၊ Crisis of Existential၊
Modernization ဖိအား၊ Emperor Struggle တွေကြားထဲမှာ ပရမ်းပတာ နဲ့ အရှိတရား ကိုမျက်မှောက်ပြုစေပါတယ်။ Billion နဲ့ချီတဲ့လူအုပ်စုကြီးတွေရဲ့ Social Psychology ဟာ Active /Passive ဆိုတဲ့ ပိုင်းခြားမှု၂ ခုထဲနဲ့လုံးဝ
လုံလောက်မှု မရှိတော့ ပါဘူး ။ Flock Theory တွေအတိုင်း ပရမ်းပတာ အုပ်စုဖွဲ့  တုန့် ပြန်မှု အမူအကျင့် တွေအတိုင်းသာကျွန်မတို့ တွေ့ မြင်ရပါတယ်။

__________________________ဟုတ်ပြီ ဒါဟာ CHAOS ပါ ။ကျွန်မတို့ စီမန် ခန့် ခွဲ နိုင်မှု ရဲ့ ဘောင်ကို ကျော်လွန်ပြီးတော့ ဒီ Explosion ( ပေါက်ကွဲမှု) နှစ်ခုဟာ မျက်နှာချင်း ဆိုင်ပါတယ်။ ပရမ်းပတာ Controlless movement တွေဟာ သန်း၇ထောင် သော (Seven Billion) Population ရဲ့ ပုံရိပ်ကို ထင်ဟပ်စေပါတယ်။
Controlless Position ဟာ Law of inevitability ကိုလိုက်နာပါတယ် ။နောက်ဆုံး ပေါ့ရှင် ကျွန်မတို့ ရဲ့Civilization ဟာနှစ်ခြောက်ထောင်သက်တမ်းမှာ Critical tipping pointလို့ ပြောရမဲ့ သမိုင်းဆိုင်ရာ New Order for Historical Paradigm// Human Era နဲ့ အနားသတ်ဘောင်ခတ်ထားပါတယ်။
ကျွန်မ ဆိုလိုချင်တာ က ကျွန်မတို့ ရဲ့ မြန်မာ မြန်မာပြည်သူလူထုကို သုံးမရလောက်အောင်ပြောနေ တဲ့ နိုင်ငံရေး Figuresကြီးတွေ ၊ဘာသာပြန်စာရေးဆရာတွေ ၊ကိုယ်ကျိုးစီးပွားနောက်လိုက်တဲ့ ယောင်တောင်တောင်ကောင်တွေဟာ
ကိုယ်ရဲ့အသုံးမကျတဲ့ ကိုယ်ရေးကိုယ်သွေး ၊စုတ်ပြတ်သတ် နုံချာနေတဲ့ အတွေးအခေါ်တွေနဲ့လူထုကိုစော်ကားနေ တယ်။ကျွန်မတို့ လူထု ရဲ့ တုန့် ပြန်မှုဟာ အခုချိန်မှာအမှန်ကန်ဆုံးပဲ။ကျွန်မတို့ ဟာရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းဆိုင်ရာ
အပြောင်းအလဲပေါ်မှာ အသက်ရှင်ရပ်တည်မှုအတွက်ကြိုးစားနေ တာ.. ဒါ ပြီးပြည့်စုံတဲ့ ရပ်တည်ချက် ပဲ။
တကမ္ဘာလုံးမှာ ကွဲပြားခြားနားတဲ့ယဉ်ကျေး မှုတွေ၊ဖြစ်တည်မှု တွေလိုချင်တယ်ဆိုရင် ၆၅ သန်းသာ ရှိတဲ့ မြန်မာနိုင်ငံကိုကာကွယ်တာဟာ ဘယ်ပုံ သဏ္ဍန်ပဲဖြစ်ဖြစ်မှန်ကန်တယ်။
By Kate (2011 .&. 2013)

— with Kyaw Win.

Saturday, May 11, 2013

၉ နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ။ ကဲ ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ်။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှုပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ် ပြကွတ် တစ်ခုလည်းဖြစ်သည်။ ၄င်းကို နယူး အမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည်။
အစ်ကို -
အစ်ကိုနဲ့ မိသားစု နေကောင်းရဲ့လား။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျား ဖြစ်ကုန်ပါတယ်။ ကျွန်တော် မျက်လုံး မှိတ်လိုက်တဲ့အခါ လူသေ အလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲ မြင်နေရတယ်။ ကျွန်တော်တို့ အားလုံး တစ်နေ့ကို နာရီ (၂၀) အလုပ်လုပ် ရပါမယ်။ ဒါပေမယ့် တစ်နေ့ကို (၄၈) နာရီလောက် ရှိစေချင်မိတယ်။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာ ဆက်လုပ် နိုင်မယ်။
ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ပါဘူး။ စားနပ်ရိက္ခာ ခွဲတမ်းလည်း ကုန်သလောက် ဖြစ်နေပါပြီ။ ကျွန်တော်တို့ဟာ ဒုက္ခသည် တွေကို အခြားတစ်နေရာ ပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင်ပါတယ်။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမားမှာပါ။ နူကလီးယား စက်ရုံနဲ့ (၂၅) ကီလိုမီတာ အကွာမှာပေါ့။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူတွေ အကြောင်း ဝတ္ထုရှည် တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက် ပါတယ်။
ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ်။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိ ရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း လူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား (ဂုဏ်သိက္ခာထက် ပို အားကောင်းသွား) တဲ့ အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ်။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှုတွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ပင်လယ် သမုဒ္ဒရာထဲကို ဆားတစ်ဆုပ် ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ်။
ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ် သွားစေတဲ့ ဖြစ်ရပ် တစ်ခု ရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် (ဘာလုပ်သင့်တယ်) ဆိုတဲ့ သင်ခန်းစာကို ပေးသွားပါတယ်။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီ ပေးဖို့ပါ။ စားစရာဝေတာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ (၉) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ်။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ်။
ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ့ သူ့အလှည့် ရောက်တော့ စားစရာ ကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့။
ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ်။ သူ့ဆွေမျိုးသားချင်းတွေ အကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း (ရာရှင်) ထုပ်က ထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကို ပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေ ပေးတယ်။
သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ၊ သူက စားစရာထုပ်ကို ယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွားပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကို ထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့ မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာ ထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့တဲ့။
ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည် ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ်တဲ့ ကောင်းကျိုး အတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည် သဘောပေါက်တဲ့ (၉) နှစ်အရွယ် ကလေးငယ် တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်း ဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ။
အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့် တာဝန်ချိန်လည်း ပြန်စပါပြီ။
- ဟာမင်းသန်း ( Ha Minh Thanh )