Powered By Blogger

Sunday, April 7, 2013

ကျွန်တော်အရမ်းသဘောကျတာလေးရှိတယ်






 ကျွန်တော်အရမ်းသဘောကျတာလေးရှိတယ



ကျွန်တော်အရမ်းသဘောကျတာလေးရှိတယ
ကျွန်တော်တို့မြို့ရဲ့ Vanakau တောင်ပေါ်မှာထိုင်ပြီးတော့
သစ်သားနဲ့လုပ်ထားတဲ့ လက်ကိုင်မပါခွက်လေးထဲမှာ စပျစ်ဝိုင်လေးကိုငှဲ့ကာသောက်ရင်
နောက်ဆတ်သားချောင်းလေးတွေကိုမြည်းမယ်
ပြီးတော့ ကျွန်တော့ဘေးက၀ိုင်ပုလင်းနဲ့အတူတူထားတဲ့
Rubyထဲက စီးကရက်လေးကို မီးငြှိပြီး တစ်ဖွာနှစ်ဖွာလောက်သောက်ရင်းနဲ့
ဟိုး..ကျွန်တော့ရှေ့ကတောင်တန်းကြီးတွေကြားမှာ မကြာခင်ပျောက်ကွယ်သွားတော့မယ့်
နေမင်းကြီးရဲ့နောက်ဆုံး နေ၀င်ဆည်းဆာချိန်လေးကိုကြည့်ရတာ..သိပ်ကြိုက်တယ်

ဘာရယ်လို့တော့မဟုတ်ဘာဘူး..ဒါပေမယ့် ကျွန်တော်အရမ်းသဘောကျမိတယ်
ကျွန်တော်အိမ်ပြန်ရောက်တိုင်း..အမြဲတမ်းလုပ်ဖြစ်တာဆိုလို့အဲတာတစ်ခုပဲရှိတယ်...
အမှန်တော့ တကယ်ကို fell ရှိတယ်ကိုယ့်လူရယ်..
ခင်များ ရုပ်ရှင်တို့novelတို.ဖတ်ရင်ရောပေါ့..
နောက်ဆုံးခန်းတွေ ဒါမှမဟုတ်ဇာတ်သိမ်းခန်းတွေဆို အရသာက အထွက်ထိပ်ပိုင်း။ရင်ခုန်စရာအကောင်းပိုင်းတွေဘဲမဟုတ်လား..
ကျွန်တော်ပြောချင်တာက..အဲလို တစ်ခုခုရဲ့အဆုံးပိုင်းလေးတွေကြည့်ရတာ တော်တော်အရသာရှိတာ
စောနကျွန်တော်ပြောတဲ့နေမင်းကြီးမပျောက်ကွယ်ခင်နောက်ဆုံးအချိန်လေးတွေကြည့်ရတာမျိုးပေါ့

တစ်ခုတော့ရှိတယ်တစ်ယောက်ထဲမဟုတ်ဘဲနဲ့ အဖော်တစ်ယောက်နှစ်ယောက်လောက်နဲ့ဆိုရင်ပိုအဆင်ပြေတယ် ဥပမာချင်းအဖိုးကြီးတို့၊ ဆလိုင်းမာန်တို့လိုမျိုးပေါ့ 



ကျွန်တော်ကြိုက်တာက ..ကိုယ်ကြိုက်တဲ့ novelကြောင်း တွေ၊စာပေ ကဗျာ အကြောင်းတွေ ပြန်ဆွေးနွေးမယ် ဥပမာကျွန်တော်တို့သိပ်ကြိုက်တဲ့ လေလွင့်သူတို့၊လွမ်းမောခဲ့ရသောတကသိုလ်နွေညများတို့ပေါ့
အဲလိုဆိုပိုတောင်ကောင်းတယ်....
ါပေမယ် အဲလိုအချိန်မျိုးမှာ နိုင်ငံရေးအကြောင်းတွေ နောက်ဆရာကျေင်ဝင်းရဲ့နိုင်ငံတကာအကြောင်းတွေ၊ globalization တို့ ချင်းအဖိုးနဲ့ သိပ်ကြိုက်တဲ့ ပထ၀ီနိုင်ငံရေးတို့ Political Economic တို့တွေတော့ မဆွေးနွေးချင်ဘူး
ဘာလို့လဲဆိုတော့ ကျွန်တော်လည်း သေသေချာချာမသိဘူး....သိပ်မကောင်ဘူးလို့တော့ထင်တာဘဲ


ကျွန်တော်လောကကြီးမှာသဘောကျတာဆိုလို့အဲလိုမျိုးတွေပဲရှိတယ်
ဘာမှသဘောမကျတာထက်စာရင် အဲလိုရူးနှမ်းနှမ်းလေးတွေလုပ်တာလဲ..ကောင်းပါတယ်
ဘာပဲဖြစ်ဖြစ်ကွာ..အဲသလိုတောင်ပေါ်မှာ ၀ိုင်သောက်ရင်း ဆေးလိပ်လေးဖွါရင်းနဲ့
နေ၀င်ဆည်းဆာကြည့်ရတာကိုတော့ တော်တော်သဘောကျမိတယ်..

ချင်းအပျိုကြီး

No comments:

Post a Comment