Powered By Blogger

Thursday, April 11, 2013

သူကတော့ကျွန်တော့လက်ကိုအမြဲဆုပ်ထားမှာသေချာတယ်

 သူကတော့ကျွန်တော့လက်ကိုအမြဲဆုပ်ထားမှာသေချာတယ်

 




ကျွန်တော်တောင်အဲလောက်ထိမမျှော်လင့်ထားဘူး..ဒါပေမယ့်တကယ်တမ်းကျတော့
သူတို့ကျွန်တော့်လက်ကိုတစ်ဖြည်းဖြည်းခြင်းလွှတ်လာတယ်
ကိုယ်သိပါတယ် မကြာခင် အားလုံးဆုံးရှုံးရတော့မယ်ဆိုတာ
တော်တော်စိတ်မကောင်းဖြစ်မိတယ်...နည်းနည်းနာကျည်းမိတယ်
ကြောက်သလိုလိုခံစားမိတယ်

ကျွန်တော်လည်းသိပ်အထင်ကြီးစရာကောင်လည်းမဟုတ်ပါဘူး
အမှန်တော့ကိုယ့်ကိုယ်ကိုတောင် ဘယ်လိုဖြစ်သွားမှန်းတောင် နားမလည်နိုင်သေးဘူး

ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့အတူအမြဲခေါ်သွားမယ့်
ခွေးလေးတစ်ကောင်လောက်တော့ရှာလို့ရသေးတာပဲမဟုတ်လား
နောက် ငှက်လေးနှစ်ကောင်လောက်မွေးဖို့လည်းလိုလိမ့်မယ်
အိုကျွန်တော်အကောင်းဆုံးမိတ်ဆွေ စာအုပ်တွေလည်းရှိသေးတာပဲ
အဲဒီတွက် ခက်တာ ကပိုက်ဆံမရှိဘူး..

အဲဒါမှမရဘူးဆိုရင် ညီမလေးဆီကိုဘဲပြန်တော့မယ်
လောကမှာကြိုက်တာဆိုလို့ညီမလေးဘဲရှိတယ်
ညီမလေးကကျွန်တော်အရမ်းနားလည်ပေးတာ ကိုယ့်လူ

ဟိုတစ်လောတုန်းကတောင်..သူနဲ့ဖုန်းပြောဖြစ်သေးတယ်
ကိုကိုယ့်ကိုအရမ်းသတိရတယ် ညီမလေးနှလုံးရောဂါရမတတ်ဖြစ်နေတယ်လို့
ကျွန်တော်က အဲတာဆိုရင်သတိမရတော့နဲ့လိုပြောရော..မရဘူးတဲ့
အိမ်ပြန်လာပါကိုကို..ညီမလေးပိုက်ဆံပို့ပေးမယ်တဲ့
ဘာလို့လဲမသိဘူး ညီမလေးပိုက်ဆံပို့ပေးမယ်ပြောတော့မျက်ရည်ကျမိတယ်
သူကငယ်ငယ်လေးဘဲရှိသေးတာ..ဘယ်ကပိုက်ဆံရမှာလဲ
ဒါပေမယ် သူအဲလိုပြောတာ ကျွန်တော်တော်တော်လေးစားမိတယ်
ညီမလေးကြောင်းစကားစပ်လို့ပြောမိတာပါ

ကျွန်တော့မှာ အရက်သောက်ရတဲ့အကြောင်းရှိတယ်၊ ဆေးလိပ်သောက်ရတဲ့အကြေင်းရော
နောက်ကွမ်းစားရတဲ့အကြောင်းရောရှိတယ်..
ဒါတွေကိုကျွန်တော်ပြောရင်လည်းခင်ဗျားနားလည်မှာမဟုတ်ဘူး..လုပ်ကြည့်မှသိမှာ
အဲလိုပြောလို့စမ်းခိုင်းတာမဟုတ်ဘူး

ကျွန်တော်က ကိုယ့်လူမျိုးအတွက်ဆိုပြီး ရှေ့တမ်းကအော်နိုင်မယ့်သူ၊
NGO တွေ အဖွဲ့စည်းထာင်ပြီး ဒေါ်လာသိန်းချီပြီးကူညီနိုင်တဲ့သူလိုမျိုးမဟုတ်ဘူး
နောက်ကိုယ့်လူမျိုးအတွက်ဆိုပြီး သူများတွေလိုလမ်းပေါ်ထွက်အော်ရဲတဲ့သူ၊ဦးဆောင်ရဲမယ့်သူလည်းမဟုတ်ဘူး
အဲလောက်ထိလဲသတ္တိမရှိဘူး..အရည်းချင်းလည်းရောပေါ့

ဒါပေမယ်ကျွန်တော့်မှာလည်းမျိုးချစ်စိတ်တော့ရှိပါတယ်...ကိုယ်လုပ်နိုင်တာဆိုလို့
အခြားလူမျိုးတွေစီမှာ
ချင်းတောင်က တောတောင်ရှုခင်းတွေ အရမ်းစိတ်ဝင်စားစရာကောင်းပြီး နေ၀င်/ထွက်ချိန်ဆို ဓာတ်ပုံဆရာတွေတွက် အင်မတန်သဘောကျစရာကောင်းကြောင်း

ထင်းရှုးလေညင်းတွေလတ်ဆတ်ပြီး အဆုတ်ကိုလည်းပိုကျန်းမာစေတယ်၊အရင်တုန်းကဆို အဆုတ်မကောင်းတဲ့သူဆိုရင် ဆရာဝန်တွေက ဖလမ်းပြည်သူ့ဆေးရုံမှာ လအနည်းငယ်နေခိုင်းတယ်ဆိုတာတွေ

ပြီးတော့ တောင်ပေါ်စပျစ်ဝိုင်မည်မျှကောင်းပြီး အသားရေကိုလည်းစိုပြေစေ တယ်၊ ကျွန်တော့်သူငယ်ချင်းရဲ့အမေတောင်မှ တောင်ပေါ်ဝိုင်စစ်စစ်ပုံမှန်သောက်လို့ အသက် ၅၀ ရှိပေမယ့် အခုထိ အသားရေကောင်းမွန်ကာ အလှမပျက်သေးတဲ့အကြောင်းတွေ

ဟင်းကောင်းမရှိပေမယ့် တောင်ပေါ်မုန်ညင်းဟင်းရည်နဲ့ ငရုတ်သီးထောင်းလေးနှင့်ပင် တော်တော်ခတွင်းတွေ့နိုင်တဲ့အကြောင်းလေးတွေကို ပြောပြလိမ့်မယ်
အမြဲတမ်းလည်းပြောပြပါတယ်

တကယ်တော့ပြောစရာတွေအများကြီးရှိသေးတယ်..လောလောဆယ်တော့ဒီလောက်ပဲ
ကျွန်တော်ဆိုလိုတာက ကိုယ်လူမျိုးတွက် ဒါလေးတွေကောင်းကောင်းလုပ်ပေးနိုင်တယ်ဆိုတာပါ

တကယ်လို့အစကပိုင်းပြောသလိုဖြစ်သွားတဲ့ချိန် အဲဒီနေရာမှာညီမလေးနဲ့အတူတူနေဖို့ဆုံးဖြတ်ထားတယ်..သူပိုက်ဆံနည်းနည်းလေးပို့ခဲ့ရင်တောင်မှ မယူချင်ဘူး..Christmas မှာ
သိုးမွှေးလက်အိတ်လေးဝယ်ဖို့မသုံးရက်ဘဲစုထားတာလေ..သူကတော့Chirstmas ကျရင်ပြန်ပေးလို့ရပါတယ်လို့ပြောမှာသေချာတယ်..ဒါပေမယ်အဲလိုတော့မလုပ်ရက်ဘူး

ဘာပဲဖြစ်ဖြစ်ကွာသူကတော့ကျွန်တော့လက်ကိုအမြဲဆုပ်ထားမှာသေချာတယ်
အဲဒီချိန်ဆိုတာဘယ်တော့လဲဆိုတာပြောလိုမရသေးဘူး..ရောက်တဲ့ခါကျရင်တော့
သူနဲ့အတူ Vankau တောင်ပေါ်ကနေ
တာင်တန်းကြီးတွေကြားမှာ မကြာခင်ပျောက်ကွယ်သွားတော့မယ့်
နေမင်းကြီးရဲ့နောက်ဆုံး နေ၀င်ဆည်းဆာချိန်လေးကို အမြဲကြည့်ဖြစ်လိမ့်မယ်

ချင်းအပျိုကြီး

No comments:

Post a Comment