Powered By Blogger

Saturday, March 9, 2013

သူငယ်ချင်း!

 



 သူငယ်ချင်းဆိုတာတစ်ယောက်နဲ့တစ်ေ
ယာက်အားပေးဖို့လို့ခင်ဗျားလည်းယူဆမယ်ဆိုရင်
ခင်ဗျားရဲ.အားပေးမူမရတဲ့အခါကျွန်တော့်ကိုစိတ်ဓာတ်ကျအောင်လုပ်နေတယ်လို့
ကျွန်တော်ခံစားမိတဲ့အခါ ကျွန်တော်ဝမ်းနည်းခဲ့ပါတယ်အဲ့ဒီအတွက်.................

ခင်ဗျားကျွန်တော့်ကိုပြောခဲ့တာတွေလုပ်ခဲ့တာတွေဟာမှန်တယ်မှားတယ်အရေးမကြီးပါဘူး
အဲဒါကပြသနာမဟုတ်ဘူး အကြောင်းအရာအချက်အလက်ဖြစ်ရပ်တွေကအရေးမကြီးပါဘူး
အဲဒြီ့ဖစ်စဉ်မှာပါတဲ့လူတွေရဲ.စိတ်အတွေး စိတ်ခံစားချက်တွေကပဲအရေးကြီးတာပါ
သူငယ်ချင်း
ဘာလို့ကျွန်တော့်ကိုအဲ့သလိုပြောနေရသလဲ?ဘာလို့ကျွန်တော့်ကိုအဲ့သလိုလုပ်ရတာလဲဆိုတာကို
တွေးမိရင်ခင်ဗျားဘာကိုရည်ရွယ်ပြီးလုပ်တာကိုတွေးမိရင်ကျွန်တော်ဖီးလ်ဖြစ်ခဲ့ဖူးတယ်
ဝမ်းနည်းခဲ့တယ် ဒေါသထွက်ခဲ့ဖူးတယ်......ဒီလိုနဲ့ အဲ့ဒီအတွက်

ကျွန်တော်လူတစ်ချို.နဲ့လမ်းခွဲခဲ့တာသူတို့ရဲ.စိတ်ထဲကရည်ရွယ်ချက်တွေကြောင့်ပဲဖြစ်ခဲ့တာများပါတယ်
သူငယ်ချင်းဆိုတာတစ်ယောက်နဲ့တစ်ယောက်အားပေးဖို့လို့ခင်ဗျားလည်းယူဆမယ်ဆိုရင်

ခင်ဗျားအမှားလုပ်ခဲ့တာတော့မဟုတ်ပါဘူး ဒါပေမယ့်

ခင်ဗျားကျွန်တော့်ကိုမခင်ဘူးဆိုတာသိလိုက်ရတဲ့အတွက်ကျွန်တော်ဝမ်းနည်းပါတယ်
ကျွန်တောလည်းလူတစ်ချို.ကိုစိတ်ဓာတ်ကျအောင်လုပ်ခဲ့ဖူးပါတယ်
မရည်ရွယ်ခဲ့ပေမယ့်..................

ခင်ဗျားရဲ.သူငယ်ချင်းမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အတွက်ကျွန်တော်ဝမ်းနည်းပါတယ်

ဆလိုင်းမာန်


စာကြွင်းး ကျွန်တော်ကသိပ်ကောင်းတဲ့ကောင်လည်းမဟုတ်ပါဘူး
ခင်ဗျားတို့အိပ်မက်ထဲကစိတ်ကူးခဲ့တဲ့သူငယ်ချင်းပုံရိပ်တွေနဲ့ကျွန်တော်
တစက်ကလေးမှတောင်တူမယ်မထင်ပါဘူး


သူငယ်ချင်းများအားလုံးကျန်းမာပါစေ နှစ်သစ်မှာပျော်ရွင်နိုင်ပါစေ
၂၀၁၂ ခုနှစ်မှာ လိုရာပြည့်ပါစေ

သားဆီကရေးတဲ့စာ (ချင်းပြည်မှပေးစာ)

 

ကျွန်တော်ပြန်လာပါပြီပါးပါး၊နောက်ဆုံးကျွန်တော်ပြန်ခဲ့လိုက်တယ်။ကျွန်တော့်ရဲ.ချင်းတောင်တန်းခရီးကိုဒီလိုနဲ့အဆုံးသတ်လိုက်တော့တယ်။မြူတွေပိတ်နေတဲ့အချိန်မှာဒီနေရာကိုရောက်လာခဲ့သလိုမြူတွေမကင်းစင်ခင်မှာပဲကျွန်တော်ပြန်ခဲ့လိုက်တယ်။သေချာတာတစ်ခုကတော့
ဒီချင်းတောင်တန်းတွေကို ကျွန်တော်တစ်ခေါက်ပြန်လာအုံးမယ်
ဘယ်တော့လဲတော့မသိဘူး။

တကယ်ကျွန်တော်မြင်နေရတာအားလုံးကမြူတွေချည်းပဲ။ဘာမှသေချာမူမရှိဘူး။ကျွန်တော်အိပ်ရေးလည်းမ၀ဘူး။ကျွန်တော်ထလာတဲ့အချိန်မှာမြို.လေးကတော့အိပ်နေတုန်းပဲ။ကျွန်တော်ပြန်သွားတာကိုသူတို့သိလိုက်မယ်မထင်ဘူး။သူတို့အိပ်နေတုန်းပဲ။ကားမီးရောင်ကနေကျွန်တော်မြင်နေရတာကလည်းမြူတွေရှေ.နည်းနည်းလည်းကိုမနည်းကြည့်နေရတယ်။ကျွန်တော်အရက်သောက်ထားတယ်။

တကယ်တော့ကျွန်တော်မြင်နေရတာအားလုံးကမြူတွေချည်းပဲ။ဘာမှသေချာမူမရှိဘူး။

တိမ်တွေအထက်ကတောင်တန်းပေါ်မှာ ကားလမ်းသေးသေးလေး
အဲဒီကားလမ်းသေးသေးလေးပေါ်မှာ လူတွေကုန်တွေအပြည့်တင်ထားတဲ့ ကားလေး
အဲဒီကားလေးပေါ်မှာ ကျွန်တော်လိုက်လာခဲ့လိုက်တယ် ။အခု ကားပေါ်မှာ
ဆုတောင်းသံကြားတယ်။ ကောင်းကင်ပေါ်က ဘုရားသခင် ကားလေးလမ်းဖြောင့်ဖို့
ကာကွယ်စောင့်ရှောက်တော်မူပါမောင်းတဲ့ဒရိုင်ဘာကိုအားကိုးတကြီးနဲ.ကျွန်တော်တို့ကြည့်နေကြသလိုလိုပဲ။တိမ်တွေပေါ်က
ဘုရားသခင်ကျေးဇူးပဲ။


ဒီခရီးမှာကျွန်တော်အဘွားနဲ့လည်းတွေ.တယ်။အန်တီတွေညီလေးညီမလေးတွေနဲ့တွေ.တယ်။အဘွားကတော့အတော့်ကိုအိုစာသွားတယ်။အဘွားကပြောတယ်
နင့်အဖေအကြောင်းစဉ်းစားရင်ငါမျက်ရည်ကျတယ်တဲ့။
ကျွန်တော်ပြောခဲ့သေးတယ်ဒါဆိုအဖေ့အကြောင့်မစဉ်းစားနဲ့ပေါ့လို့။ပါးပါးစိတ်မဆိုးဘူးမဟုတ်လား။အရင်အတိုင်းဆိုတာဘယ်မှာမှမရှိတော့ဘူးလေ။ဘယ်မှာမှမရှိတော့လို့ကျွန်တော်အဲသလိုပြောလိုက်တာပါ။
နော်ပါးပါး။ပါးပါး.ပါးပါးအခုဆိုကျွန်တော်တစ်ယောက်တည်းပဲဖြစ်နေတယ်ကျွန်တော်တစ်ယောက်တည်းခရီးသွားရရင်ဘာကြောင့်လဲတော့မသိဘူး။ကျွန်တော်ဝမ်းနည်းသလိုလိုဖြစ်မိတယ်။နယ်မြေသစ်သူစိမ်းတွေရင်ဆိုင်ရမှာကျွန်တော်ကြောက်နေတယ်
ကြောက်ခဲ့တယ် ဒါပေမယ့်လေ ခရီးအတော်များများကို
ကျွန်တော်တစ်ယောက်တည်းပဲသွားခဲ့ရတယ်၊အခုတော့ဘယ်အရာမှအစိမ်းသက်သက်မဟုတ်တော့ပါဘူး။ရီရတာတစ်ခုကကျွန်တော်ကြောက်တဲ့သူစိမ်းတွေကလည်းကျွန်တော့်ကိုပြန်ကြောက်နေတာအပြန်အလှန်ကြောက်နေကြတာပေါ့။ဒါလည်းအမှတ်တရပေါ့။

ဒီနေရာကိုပါးပါးဘယ်တော့မှမမေ့ဘူးလို့ထင်တယ်။ပါးပါးမှတ်မိတယ်မလာ
ကျွန်တော်တို့အတူလာဖူးတယ်။
နေရာလေးကတော့အရင်အတိုင်းပဲ။ဖလမ်းမြို.က
အရူးကအရင်လိုရူးနေတုန်းပဲ။အရင်အတိုင်းဆိုလို့
မြို.လေးရယ်အဲဒီအရူးပဲကျန်မယ်ထင်တယ်။ကျွန်တော်မောပန်းလာတယ်ဒီလိုတောင်တန်းတွေပေါ်မှာပါးပါးဘယ်လိုကြီးပြင်းခဲ့သလဲဆိုတာကျွန်တော်သိပ်သိချင်တယ်။ကျွန်တော်ဒီနေရာလေးကိုသိပ်ဘောကျတယ်။
ဒီလိုတိမ်တွေအပေါ်မှာနေရတာကျွန်တော့်ရင်မှာတစ်မျိုးပဲ။တောင်တွေကတိမ်ပေါ်မှာရှိနေတာအရမ်းလှတယ်။ကျွန်တော်
ဒီတောင်တန်းတွေကို ပါးပါးလိုပဲချစ်ပါတယ်။
ဒီနေရာမှာနေတဲ့လူတွေဟာသူတို့မှာဟန်ဆောင်တာမရှိဘူးသူတို့မသိရင်မသိဘူးပဲပြောတယ်။သူတို့ဟာလူဆင်းရဲပေမယ့်စိတ်ဓာတ်အောက်တန်းမကျဘူး။နိုင်ငံရေးသမားတွေလိုစကားကိုအမျိုးအမျိုးမပြောဘူး။သူတို့ဟာချိုသာတဲ့စကားကိုမပြောတတ်ရင်တောင်နွေးထွေးတဲ့အပြုအမူကိုပြကြတယ်။တစ်ခါတစ်လေပြန်စဉ်းစားမိတယ်
ယဉ်ကျေးတယ်ဆိုတာဘာကိုပြောတာလဲလို့။

ပြောရအုံးမယ်ကျွန်တော်ဒီနေရာကိုလာရင်းထမင်းဆိုင်ကကောင်မလေးတစ်ယောက်ကိုရင်ခုန်သလိုလိုဖြစ်မိတယ်။လမ်းမှာထမင်းစားနားတဲ့ရွာလေးကပါ။ကျွန်တော်သူမနဲ့နီးဖို့အခွင့်အရေးရနိုင်အုံးမလားမသိပါဘူး။ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ဘာမှန်းမသိအကြာကြီးကြည့်မိခဲ့ကြတယ်။ကျွန်တော်ရင်ခုန်လွယ်တယ်။သူငယ်ချင်းတွေကပြောကြတယ်။
ကုန်ကားမောင်းတဲ့ကောင်တစ်ကောင်ကောင်နဲ့ကြိုက်လောက်ပါပြီ
ဘာညာပြောကြတာပဲ။ကုန်ကားမောင်းတဲ့ကောင်နဲ့ပဲတန်တယ် ဘာညာ
ဒီကောင်တွေမူးမူးနဲ့။ကျွန်တော်
အဲသလိုမျိုးပြောတာမျိုးမကြိုက်ဘူးပြောချင်တာကဘယ်လိုမိန်းမပဲဖြစ်ဖြစ်အံသြစရာအချစ်ဇာတ်လမ်းတွေကြုံချင်ကြုံရနိုင်တာပဲ။လက်ရှိမြင်ရတာလေးကိုကြည့်ပြီးထင်တာပြောတာမျိုးတော့ဘယ်ကောင်းမလဲနော်။
အဲဒီမိန်းကလေးပြန်ကြားရင် သူ့စိတ်ညစ်သွားမှာပဲ
သူဝမ်းနည်းသွားမှာပဲ။ဘာပဲပြောပြော မမိုက်ဘူးပေါ့

အခုတော့ ကျွန်တော် ထမင်းဆိုင်လေးရှိတဲ့နေရာနဲ့
အဝေးကိုပြန်ရောက်သွားပါပြီ။ကျွန်တော်
သူ့ကိုတောင်မနှုတ်ဆက်လိုက်ရဘူး။မနှုတ်ဆက်တာပဲကောင်းပါတယ် ။ကျွန်တော်
ဘာပြောရမှန်းလည်းမသိဘူးလေ။လူတွေတွေ.ဆုံပြီးချစ်ချစ်ခင်ခင်နဲ့အတူတူနေ
နောက်ဆုံးအတူတူသေခွင့်ရရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲနော်။ပါးပါး

ပါးပါးကိုကျွန်တော်သတိရတယ် အခုလိုမျိုးမှာ ပါးပါးအကြောင်း ကျွန်တော်
စဉ်းစားနေတုန်းပဲ။
ကျွန်တော်သဘောကျတဲ့လူတွေအားလုံး အခု တစ်ယောက်မှ ကျွန်တော့်အနားမှာမရှိတော့ပါဘူး
ကျွန်တော်ပြန်သွားပြီဆိုတော့...........။
ကျွန်တော်ပြန်သွားတာကိုသူတို့သိလိုက်မယ်မထင်ဘူး။
ချင်းတောင်တန်းတွေကတော့ အိပ်နေတုန်းပဲ ပါးပါး။အရင်လိုပါပဲ။ပြောင်းလဲသွားတာဆိုလို့
 
By..Salai Mang
 

 

postheadericon နွေးထွေးတဲ့လက်

 

မူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာမက ကလေးတွေကို ကျေးဇူးတင်သင့်တယ်လို့ ထင်တဲ့အရာတွေကို ပုံဆွဲစေခဲ့တယ်။ ကလေးတွေက များသောအားဖြင့် ဆင်းရဲမိသားစုကလာကြတဲ့အတွက် သူတို့ထင်တဲ့ ကျေးဇူးတင်သင့်တဲ့အရာတွေဟာ စားပွဲခုံပေါ်က စားကောင်းသောက်ဖွယ်တွေပဲဖြစ်မယ်လို့ ဆရာမကထင်ခဲ့တယ်။ ဥပမာ… သူတို့ဆွဲမယ့်ပုံတွေဟာ အငွေ့တစ်ထောင်းထောင်း ထနေတဲ့ ကြက်ဆင်တစ်ကောင်ပေါ့။ ဒါပေမယ့် “ဒေါက်ကလပ်” လို့ခေါ်တဲ့ ကျောင်းသားတစ်ဦးဆွဲထားတဲ့ ပုံကိုမြင်တော့ ဆရာမက အံ့အားသင့်သွားတယ်။ သူဆွဲတဲ့ပုံက လက်တစ်ဖက်ပုံပါ။
ဒါဟာ ဘယ်သူရဲ့လက်လဲ….? ကလေးတွေ အားလုံးလည်း သိချင်နေခဲ့ကြတယ်။
“ဒါဟာ ငါတို့ကို စားစရာတွေပေးတဲ့ ဘုရားသခင်ရဲ့လက် ဖြစ်နိုင်တယ်” လို့ ကလေးတစ်ယောက်က ထင်ကြေးပေးတယ်။
“လယ်သမားရဲ့လက် ဖြစ်မယ်။ သူဟာဒီလက်နဲ့ ကြက်တွေကိုမွေးခဲ့တယ်” နောက်တစ်ယောက်က ခန့်မှန်းပြန်တယ်။
ကလေးတွေက ဟိုထင် ဒီထင် ထင်ကြေးပေးကြပြီးနောက် ကိုယ့်နေရာ အသီးသီးကို ပြန်ပြီး ပုံတွေကို ဆက်ဆွဲနေခဲ့တယ်။ ဆရာမက ခါးကိုကိုင်းပြီး ..
“အဲဒါဘယ်သူ့ရဲ့ လက်လဲ” လို့ ဒေါက်ကလပ်ကို မေးလိုက်တယ်။
“ဒါ ဆရာမရဲ့လက်ပါ” သူ အလျှင်အမြန် ပြန်ဖြေတယ်။
ဒေါက်ကလပ်ဟာ အရပ်ပုသေးပြီး လူတကာမကြိုက်တဲ့ရုပ်မျိုးကို ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် ကျောင်းဆင်းတိုင်း ဆရာမက သူ့လက်ကို အမြဲသွားဆုပ်ကိုင်ခဲ့တယ်။ ကလေးတိုင်းရဲ့လက်ကို ဆရာမဆုပ်ကိုင်နေကျဆိုပေမယ့် သူ့အတွက် ဒီလို ပြုမူခံရခြင်းရဲ့အဓိပ္ပါယ်က ပိုလေးနက်နေခဲ့တယ်။
Thanksgivingနေ့ ဆိုတာ လူတွေက ကျွန်မတို့ကိုပေးတဲ့ ဒြပ်ဝတ္ထု ကြီးငယ်တွေပေါ်မှာမှုတည်တာ မဟုတ်ပါဘူး။ ဘယ်လောက်သေးငယ်တဲ့ တုန့်ပြန်မျိုးပဲဖြစ်ဖြစ် ဒီလိုနေ့ထူးကို အခွင့်အရေးယူပြီး ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ပြသခြင်းပဲဖြစ်တယ်
 
မှတ်ချက် – နိုင်းနိုင်းစနေဆိုဒ်မှ ကူးယူတင်ပြအပ်ပါသည်။
Source; http://www.khayaynge.com/?p=1202

Friday, March 8, 2013


postheadericon ဘုရားသခင်သို့ ပေးစာ

တောင်ကြားထဲတွင် တစ်လုံးတည်းသာ ရှိသော အိမ်သည် ခပ်နိမ့်နိမ့် တောင်ကြားကလေး တစ်ခုထိပ်တွင် ရှိသည်။ တောင်ပေါ်မှ ဆီးကြည့်လိုက်လျှင် မြစ်၊ ထို့နောက် နွားခြံ၊ ထို့နောက် ပြောင်းပွင့်တွေ ဖွေးဖွေး လှုပ်အောင် ပွင့်နေသည့် ပြောင်းခင်းကို မြင်ရသည်။ ကြည့်လိုက်လျှင် အမြဲလိုလိုပင် အထွက် ကောင်းမည့်ပုံ ပေါ်နေသည်။
မြေကြီးက လိုနေသည့် အရာမှာ မိုးရေသာလျှင် ဖြစ်သည်။ အနည်းဆုံး တစ်ပြိုက် နှစ်ပြိုက် ကျလိုက်လျှင် လုံလောက်ပြီ။ သူ့ယာတော အကြောင်းကို ကောင်းကောင်း သိသည့် လင်းချိုသည် ဘာမျှ မလုပ်။ အရှေ့မြောက်ဘက် မိုးကောင်းကင်ကိုသာ မျှော်ကြည့်နေသည်။
“ မိန်းမရေ၊ မိုးကတော့ တစ်မကြီး ရွာတော့မယ် ထင်တယ်ကွ ”
ညစာစားရန် ခူးခပ်ပြင်ဆင်နေသော သူ့မိန်းမက
“ ဟုတ်ပါ့တော်၊ ဘုရားမတာပေါ့ ”
သားကြီးများမှာ ယာတဲတွင် အလုပ် လုပ်နေကြပြီး သားငယ်များမှာ အိမ်အနီးတွင် ကစားနေကြသည်။
“ ကဲ လာကြဟေ့၊ ထမင်း စားမယ် ”
သူတို့ ထမင်း စားနေစဉ်တွင် လင်းချိုပြောသည့် အတိုင်း မိုးသီး မိုးပေါက်ကြီးများသည် တဖြုန်းဖြုန်း ကျလာကြသည်။ အရှေ့မြောက်ထောင့် ကောင်းကင်တွင်မူ တိမ်တောင် တိမ်လိပ်ကြီးများသည် တရွေ့ရွေ့ လာနေကြလေပြီ။ လေသည် လန်းဆန်း၍ ချိုမွှေးနေသည်။
အိမ်ရှင် ယောက်ျားသည် နွားခြံဆီသို့ ကိစ္စ တစ်ခု ရှိပုံမျိုးဖြင့် ထွက်သွားသည်။ သို့ရာတွင် ဘာမျှ ကိစ္စ မရှိပါ။ ကိုယ်ပေါ်သို့ မိုးသီး မိုးပေါက်တို့ ကျသည့် အရသာကို ခံရန် ဖြစ်ပါသည်။ ပြန်လာသည့် အခါတွင် သူက
“ မိုးပေါ်က ကျတာတွေက မိုးသီး မိုးပေါက်တွေ မဟုတ်ဘူးကွ၊ ရွှေမိုး ငွေမိုးတွေ၊ မိုးစက်ကြီးကြီးတွေက ဆယ်ပြားစေ့လောက် ရှိပြီး မိုးစက် သေးသေးတွေက ငါးပြားစေ့လောက် ရှိတယ် ”
သူသည် မိုးစက် ကန့်လန့်ကာကြီးထဲတွင် ပန်းတွေ တဝေဝေ ဖြစ်နေသော ပြောင်းခင်းကြီးကို ကြည်နူးစွာ လှမ်းကြည့်နေသည်။ ထိုစဉ် လေ ခပ်ပြင်းပြင်းကျလာပြီး လေပြင်းနှင့်အတူ ကြီးမားသော မိုးသီးကြီးများ ကျလာသည်။ ထိုမိုးသီးကြီးများကမှ တကယ့် ရွှေစ ငွေစနှင့် တူခြင်း ဖြစ်သည်။ ကလေးများသည် မိုးရေထဲတွင် ပြေးလွှားကာ မိုးသီးများကို ကောက်ကြသည်။
“ မိုးသီးတွေက သိပ်များရင် မကောင်းဘူးဟေ့၊ တော်ဖို့ ကောင်းပြီ ထင်တယ် ” ဟု ယောက်ျားက မိုးသီးများကို ကြည့်ရင်း အလန့်တကြား ပြောသည်။
သို့ရာတွင် မိုးသီးများသည် ရပ်မသွားပါ။ အိမ်ခေါင်မိုးပေါ်၊ သစ်ပင်များပေါ်၊ ယာတောပေါ်၊ တောင်ကြောပေါ်၊ တောင်ကြားပေါ်သို့ တစ်နာရီခန့်မျှ ဆက်တိုက် ကျနေကြသည်။ ယာတော တစ်ခုလုံးသည် ဆားတွေ ပက်ထားသည့်နှယ် ဖွေးနေတော့သည်။ သစ်ပင်ပေါ်တွင် သစ်ရွက်တွေ မရှိတော့။ ပြောင်းနှံတွေ ပျက်ကုန်ပြီ။ ပြောင်းပွင့်တွေ ကြွေကျကုန်ကြပြီ။ လင်းချိုသည် ဝမ်းနည်း၍ မဆုံး ဖြစ်နေသည်။ မိုးသီး မုန်တိုင်း စဲသွားသည့် အခါ၌ လင်းချိုသည် ယာတောလယ်တွင် ရပ်ရင်း သူ့သားများကို ပြောနေသည်။
“ ကျိုင်းကောင်အုပ် ကျတာကမှ သက်သာဦးမယ်ကွာ၊ မိုးသီး ကျလိုက်တာ ဘာမှ မကျန်တော့ဘူး၊ ဒီနှစ်တော့ တို့များ ပြောင်းလည်း ရမှာ မဟုတ်ဘူး၊ ပဲလည်း ရမှာ မဟုတ်တော့ဘူး ”
ထိုညသည် စိတ်မကောင်းစရာည ဖြစ်သည်။
“ တစ်နှစ်လုံး လုပ်လိုက်ရတာကွာ၊ ဘာမှ မရလိုက်ဘူး ”
“ ဘယ်သူမှ မကယ်နိုင်တော့ဘူး ထင်ပါရဲ့ ”
“ ဒီနှစ်တော့ ဝမ်းစာတောင် ရှိမှာ မဟုတ်တော့ဘူး ”
သို့ရာတွင် တောင်ကြားထဲရှိ တစ်လုံးတည်းသော အိမ်တွင် နေကြသူတို့၏ စိတ်ထဲ၌ကား မျှော်လင့်ချက် တစ်ခု ရှိနေသည်။ ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှု ဖြစ်သည်။
“ ပျက်တော့ ပျက်တာပေါ့လေ၊ ဒါပေမယ့် ဒီလောက်လည်း စိတ်ဓာတ် မကျကြပါနှင့်၊ ငတ်သေတဲ့ မသာရယ်လို့ မရှိပါဘူး ”
“ အင်း၊ ငတ်သေတဲ့ မသာ မရှိဘူးလို့တော့ ပြောကြတာပဲလေ ”
ထိုနေ့ည တစ်ညလုံး လင်းချိုသည် မျှော်လင့်ချက် တစ်ခုကိုသာ တွေးမိ၏။ ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှု ဖြစ်သည်။ ဘုရားသခင်သည် လူသတ္တဝါ အပေါင်းတို့၏ စိတ်ထဲတွင် ရှိသည့် ဆန္ဒကို သိမြင်တော်မူသည် မဟုတ်လော။
လင်းချိုသည် ယာတောတွင် နွားလို ရုန်းဖို့လောက်ကိုသာ သိသူ ဖြစ်၏။ မည်သို့ စာရေးရမည်ကို မသိ။ နောက်တစ်နေ့ မနက် လင်းသည်နှင့် လင်းချိုသည် စာတစ်စောင်ကို ကြိုးစား၍ ရေးနေသည်။ သူ့ကို ဘုရားသခင်က မှိုင်းမတော် မူမည်ဟုလည်း သူ ယုံကြည်၏။
ထိုစာမှာ အခြားစာ မဟုတ်ပါ။ ဘုရားသခင်ထံ ပေးစာ ဖြစ်ပါသည်။
တပည့်တော် လျှောက်ထားအပ်ပါသည် ဘုရား၊ ယခုနှစ်တွင် အရှင်ဘုရားမှ မကယ်လျှင် တပည့်တော်တို့ မိသားစု ငတ်ကြရတော့မည်သာ ဖြစ်ပါသည်။ တပည့်တော်၏ လယ်ယာတောမှာ မိုးသီးကြောင့် ပျက်သွားသဖြင့် နောက်ထပ်ပြန်စိုက်ရန်နှင့် ကောက်သစ် မပေါ်မီ စားသောက်ရန် အတွက် ငွေတစ်ရာလောက် လိုပါသည်။
သူသည် စာကို စာအိတ်ထဲတွင် ထည့်၊ စာအိတ်ပေါ်တွင် “ ဘုရားသခင်ထံ ပေးရန် ” ဟု ရေးပြီး စာထည့်ရန် မြို့သို့ လာခဲ့သည်။ စာတိုက်မှ တံဆိပ်ခေါင်း တစ်လုံး ဝယ်၍ ကပ်ပြီးနောက် စာကို စာတိုက်ပုံးထဲသို့ ထည့်ထားခဲ့သည်။
စာပို့သမားသည် ထိုစာကို တွေ့သည့် အခါတွင် ရယ်မောကာ စာတိုက်ဗိုလ်ကို သွားပြသည်။ သူ့တစ်သက်တွင် ဘုရားသခင်ထံ လိပ်စာ တပ်ထားသော စာတစ်စောင်ကို တစ်ခါမျှ မတွေ့ဖူးခဲ့။ သဘောကောင်းသည့် ခပ်ဝဝ စာတိုက်ဗိုလ်ကြီးသည်လည်း ထိုလိပ်စာကို မြင်သည့် အခါတွင် ခွက်ထိုးခွက်လန် ရယ်မိသည်။ ထို့နောက် ချက်ချင်း လေးနက်သွားကာ စာကို စားပွဲပေါ်တွင် တဖျတ်ဖျတ် ရိုက်ရင်း
“ သူ့ခမျာ သနားပါတယ်ကွာ၊ ဘုရား တရားကို တော်တော် ယုံကြည်ရှာတာပဲ၊ သူ့လို ယုံကြည်နိုင်တဲ့သူ ဖြစ်ရင် ဘယ်လောက် ကောင်းမလဲ မသိဘူး၊ သူ့လို ယုံကြည်ချင်လိုက်တာ၊ သူ့လို မျှော်လင့်ချက်မျိုး ရှိချင်လိုက်တာ၊ ကြည့်စမ်းပါဦး၊ ဘုရားသခင်ဆီကို အားကိုးတကြီး စာနှင့် ပေနှင့်တောင် ဆက်သွယ်တယ် ”
ဝေငှ၍ မဖြစ်သည့် စာတစ်စောင်ကို ဖတ်ရင်း ဘာသာတရား ကိုင်းရှိုင်းပုံကို ကြည့်၍ စိတ်ပျက် အားငယ်ခြင်း မဖြစ်စေရန် တစ်ခုခု ကူညီသင့်သည်ဟု စာတိုက်ဗိုလ်ကြီး သဘောရသည်။ စာတစ်စောင်တော့ ပြန်သင့်သည်ဟုလည်း သူ သဘောရသည်။ သို့ရာတွင် စာကို ဖွင့်၍ ဖတ်လိုက်သည့် အခါ၌ သူ့စာကို ပြန်လျှင် စိတ်စေတနာ ကောင်းရုံ၊ မင်ရှိရုံ၊ စာရွက် ရှိရုံဖြင့် မလုံလောက်ကြောင်းကို သူ သဘောပေါက်လာသည်။ သို့ရာတွင် သူ့ ဆုံးဖြတ်ချက်ကို မပြောင်းပါ။ စာတိုက်ဗိုလ်ကြီးသည် စာတိုက် အမှုထမ်းများထံမှ ငွေကောက်သည်။ သူကိုယ်တိုင်လည်း သူ့လစာ တစ်စိတ်တစ်ပိုင်းကို ထည့်သည်။ သူ့မိတ်ဆွေများကလည်း “အလှူဒါန” အဖြစ် တတ်နိုင်သလောက် ထည့်ဝင်ကြသည်။
သို့ရာတွင် တစ်ချီတည်းဖြင့် ငွေတစ်ရာ ရဖို့ မလွယ်ပါ။ ထို့ကြောင့် စာတိုက် ဗိုလ်ကြီးသည် တစ်ဝက်ကျော်ကျော် ရှိသည့် ငွေစက္ကူများကို စာအိတ်တစ်အိတ်တွင် ထည့်ပြီး လင်းချိုထံ ပို့လိုက်သည်။ စာအိတ်ထဲတွင် “ဘုရားသခင်” ဆိုသည့် စာလုံး တစ်လုံးကိုသာ ရေးထားသည့် စာရွက် တစ်ရွက်ကိုလည်း ထည့်ပေးလိုက်၏။
နောက်တစ်နေ့ တနင်္ဂနွေနေ့ မနက် စောစောတွင် လင်းချိုသည် သူကိုယ်တိုင် စာတိုက်သို့ ပေါက်လာကာ သူ့အတွက် စာရောက်ခြင်း ရှိ မရှိကို လာ၍ စုံစမ်းသည်။ စာပို့သမား ကိုယ်တိုင် ထိုစာကို လင်းချို လက်သို့ ပေးလိုက်၏။ စာတိုက် ဗိုလ်ကြီးမှာကား ကုသိုလ်ကောင်းမှု တစ်ခုကို ပြုလုပ်ရသဖြင့် ပီတိဖြစ်နေသူ တစ်ဦး အနေဖြင့် အတွင်းဘက်မှ နေ၍ လင်းချိုကို လှမ်းကြည့်နေသည်။
လင်းချိုသည် စာအိတ်ကို ဖွင့်၍ ငွေစက္ကူများကို မြင်သည့် အခါတွင် နည်းနည်းမျှ အံ့အားသင့်ဟန် မပြပါ။ ထိုအရာများကို ရလိမ့်မည်ဟု သူ ယုံကြည်ပြီးသား ဖြစ်ဟန် တူပါသည်။ သို့ရာတွင် ပိုက်ဆံကို ရေတွက်ပြီးသည့် အခါတွင် လင်းချိုသည် ဒေါပွ၍ မဆုံး ဖြစ်နေသည်။ ဘုရားသခင်သည် ငွေ အရေ မမှားနိုင်။ သူ တောင်းသည့် ငွေ အရေအတွက်ကိုလည်း ငြင်းဆန်ခြင်း ပြုမည် မဟုတ်။
လင်းချိုသည် စာတိုက် ပြတင်းဝနားသို့ ရောက်လာကာ စာရွက် တစ်ရွက်နှင့် မင်ကို တောင်းသည်။ ထို့နောက် စာတိုက် ကောင်တာတွင် ထိုင်ကာ သူ ရေးမည့် အကြောင်းအရာကို မျက်မှောင်ကြီး ကုတ်၍ စဉ်းစားရင်း စာ တစ်စောင်ကို ရေးနေသည်။ စာရေးပြီးသည့် အခါ အပေါက်ဝသို့ သွားကာ တံဆိပ်ခေါင်း တစ်လုံး ဝယ်၍ တံတွေးဖြင့် ကပ်ပြီးသော် လက်ဖြင့် တဒုန်းဒုန်း မြည်အောင် ထုသည်။
စာတိုက်ပုံးထဲသို့ စာ ရောက်သွားသည်နှင့် စာတိုက် ဗိုလ်ကြီးသည် စာတိုက်ပုံးထဲမှ စာကို ယူ၍ ဖတ်၏။
စာထဲတွင် အောက်ပါ အတိုင်း ပါရှိ၏။
“ အရှင်ဘုရား၊ တပည့်တော် လျှောက်ထား တောင်းဆိုသည့် ပိုက်ဆံတို့ အနက် ငွေ ၇၀ သာ တပည့်တော် လက်ထဲ ရောက်ပါသည်။ ကျန်ငွေများကို ဆက်လက် ပို့ပါ ဘုရား။ တပည့်တော် အတွက် များစွာ အသုံးလိုနေပါသည်။ သို့ရာတွင် ယခု တစ်ခေါက် ပို့လျှင် စာတိုက်မှ မပို့ပါနှင့် ဘုရား။ စာတိုက် အမှုထမ်းများသည် လူလိမ် လူကောက်များ ဖြစ်ပါသည် ဘုရား …… လင်းချို ” ဟူ၍ ဖြစ်သည်။

[မက္ကဆီကို စာရေးဆရာ Gregoria Lopezy ၏ A Letter to God ကို ပြန်ဆိုသည်။]
-မြသန်းတင့်
(နိုင်ငံတကာ ခေတ်သစ် ဂန္ထဝင် ဝတ္ထုတိုများ(၄) စာအုပ်မှ ကူးယူဖော်ပြပါသည်။)
source;http://www.khayaynge.com/?p=969

postheadericon ဆရာမြသန်းတင့်၏ စာစုလေးများ

“ မြင့်မြတ်တဲ့ အရည်အချင်းတိုင်း၊ ကောင်းတဲ့ အရည်အချင်းတိုင်းမှာ အတူတွဲပါလာတတ်တဲ့ မမြင့်မြတ်မှုတွေ၊ မကောင်းမှုတွေ ရှိတတ်တယ်။ အဲဒီကောင်းမှုတွေ၊ မြင့်မြတ်မှုတွေဟာ လိုအပ်သည်ထက် ပိုသွားရင်၊ နယ်နိမိတ်ကို ကျော်သွားရင် မကောင်းမှုထဲကို နစ်မြုပ်သွားတော့တာပဲ။ ရက်ရောသဘောထားကြီးမှုဟာ လွန်သွားရင် လက်ဖွာတဲ့အဖြစ်ကို ရောက်သွားတယ်။ ခြိုးခြံချွေတာခြင်းဟာ လွန်သွားရင် ကပ်စေးနဲတဲ့အဖြစ်ကို ရောက်သွားတယ်။ သတ္တိကောင်းခြင်းဟာ လွန်သွားရင် မိုက်ရူးရဲအဖြစ်ကို ရောက်သွားတတ်တယ်။ သတိထားခြင်းဟာ လွန်သွားရင် ကြောက်တဲ့အဖြစ်ကို ရောက်သွားတတ်တယ်။ ဒါကြောင့်မို့ ကောင်းမှုကို မှန်မှန်ကန်ကန်လုပ်ဖို့ဟာ မကောင်းမှုကို ရှောင်ဖို့ထက် ခက်တယ်။ ”
“ ကောင်းတဲ့ အပေါင်းအသင်းနှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ဗျူးမွန်းလို့ ပြင်သစ်တို့ ခေါ်တဲ့ အပေါင်းအသင်းမျိုး၊ အဲဒီလူတွေဟာ နန်းတွင်းရေးရာကိစ္စများမှာ ယဉ်ကျေးတတ်ပွန်ကြတယ်။ လူ့ဘဝရဲ့ပျော်ရွှင်ကြည်နူးစရာကိစ္စတွေမှာ တတ်ပွန်လိမ္မာကြတယ်။ နောက်အပေါင်းအသင်းတစ်မျိုးကတော့ ထူးခြားတဲ့ အရည်အချင်းတစ်ခုခုကြောင့်ထင်ရှားသူတွေ၊ ထူးခြားပြီးတန်ဖိုးရှိတဲ့ ဝိဇ္ဇာပညာရပ်များနဲ့ သိပ္ပံပညာရပ်များမှာကျွမ်းကျွင်တတ်မြောက်သူတွေဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင်တော့ စာရေးဆရာကြီးအယ်ဒီဆင်တို့၊ ကဗျာဆရာကြီးပုတ်တို့ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ ပေါင်းသင်းရတာဟာကိုယ့်အထက်က ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံရတယ်လို့ထင်မိတယ်။ သူတို့နဲ့ပေါင်းသင်းရတာဟာ ဥရောပမှာရှိတဲ့ အမြတ်ဆုံး၊ အတော်ဆုံး၊ အရဲရင့်ဆုံးမင်းညီမင်းသားတွေနဲ့ ပေါင်းသင်းရသလိုပဲ။ မပေါင်းသင်းအပ်တဲ့နိမ့်ကျတဲ့ အပေါင်းအသင်းဆိုတာကတော့ သူတို့ကိုယ်တိုင်လည်း ဘာအရည်အချင်းမှမရှိ၊ အောက်တန်းလည်းကျ၊ သူတို့ကိုယ်ကို သူတို့ အဟုတ်ထင်၊ မကောင်းမှုလုပ်တာကိုလည်း အားပေးအားမြှောက်လုပ်တဲ့သူမျိုးတွေကို ဆိုလိုတာ။ အပေါင်းအသင်းထဲမှာ ငါတော်တယ်၊ ငါသာတယ်ဆိုပြီး ဘဝင်မြင့်တတ်ကြတာတွေရှိတတ်တယ်။ ဒီလိုထင်ခြင်းဟာ မိုက်မဲရုံမျှမက မှားလည်းမှားတယ်။ လောကမှာ အဲဒီလိုထင်တာလောက် အောက်တန်းကျတာမရှိဘူး။ ”
“ ပျော်ရွှင်မှုဟာ လူငယ်လူရွယ် တော်တော်များများက ထုခွဲနေတဲ့ကျောက်တုံးကြီးနဲ့ တူတယ်။ လူငယ်တွေဟာ ရွက်အဖုံဖုံတပ်ဆင်ထားတဲ့ လှေတွေနဲ့အဲဒီပျော်ရွှင်မှုကို ရှာဖို့ခရီးထွက်လာကြတယ်။ ဒါပေမယ့် သူတို့မှာ ခရီးကို လမ်းညွှန်ဖို့အတွက်တော့ အိမ်မြှောင်မပါလာကြဘူး။ လှေကိုကောင်းစွာပဲ့ကိုင်ဖို့လည်း အသိဥာဏ်မကြွယ်ဝကြဘူး။ အဲဒီလိုမရှိတဲ့အတွက် အပြန်ခရီးမှာ ပျော်ရွှင်မှုဆိုတဲ့ ကျောက်တုံးကြီး ပါမလာခဲ့ဘဲ အရှက်နဲ့ ဒုက္ခ ဝေဒနာကိုသာ ရလာခဲ့ကြတယ်။ ”
“ ယုံကြည်မှုနဲ့ ချစ်ခင်နှစ်သက်မှုမပါဘဲ ဘယ်လိုမိတ်ဆွေ ဆက်ဆံရေးမျိုးမှ မပေါ်ပေါက်နိုင်ဘူး။ ”
“ အရာအားလုံးကို လုပ်ချင်နေတဲ့ လူတစ်ယောက်ဟာ ဘာကိုမှလုပ်ဖြစ်မှာ မဟုတ်ဘူး။ ”
“ ကိုယ်ခန္ဓာအားဖြင့်ဖြစ်စေ၊ စိတ်ဓါတ်အားဖြင့်ဖြစ်စေ အရွယ်မတိုင်ခင် အိုတာမျိုး မဖြစ်သင့်ဘူး။ ”
“ ကိုယ်ရှုံးနိမ့်ပြီး မရခဲ့တဲ့ အရာတွေဟာ ကိုယ်တကယ်လိုချင်တဲ့ အရာတွေမဟုတ်ဘူး။ ”
မှတ်ချက် – ဆရာမြသန်းတင့်ဆိုဒ်မှ ကူးယူတင်ပြအပ်ပါသည်။
Source;http://www.khayaynge.com/?p=997 

Wednesday, January 2, 2013

US-China Economic competition and Myanmar Future

US-China Economic competition  and Myanmar Future
 
Economic Competition between China-US will speak to Myanmar politics in the future.
Particularly, the state of relationship of US-China and Myanmar will obvious by the time Myanmar hold ASEAN-Chairman seat.
However, in Cambodia, China power in South-East Asia could see evidently last ASEAN-Meeting. Other ways the result was not good and the crack of ASEAN emerged, said some politician. We will see obviously Chins- Myanmar relationship and I worry about that Myanmar won't be able to hold and solve the case such as South China -Tension and, actually it's not easy case for it. In other side, it's very interesting how US will react the China's action concerning with the strategy of middle east-oil and Indian Ocean-for their new market way of China. This case may shake Myanmar political in the future.
By Michael Thang
What is the real potential solution for Kachin Civil war.


What we need today in Kachin case common interest,
Even though we can't find it, we can create .We have to create.

Furthermore, as they couldn't negotiate common interest to each other, civil war still going on.

Peace makers and activists must review what they couldn't achieve.
They need to emphasizes on the potential common interest.
It is not easy to complete with just emotion and desire.

Being peace makers and activists need realize how we find common interest and how should we hold wisely this string.
I want all of us to focus on it.

So..what can be common interest for the solution?
We must implement immediately it, Or, the two opposite will lose their profit without even their self interest.

In life, it is impossible to be perfect in everything.
 
By Michael Thang