Powered By Blogger

Tuesday, March 19, 2013

အဲဒီနေ့ေ၇ာက် ရင်

 အဲဒီနေ့ေ၇ာက် ရင်

















နေ၀င်တိမ်တောက်ချိန်..
တစ်ယောက်တည်း ..အမေ လုပ်တဲ့ ၀ိုင်ကို 
တစ်ယောက်တည်း သောက်ရင်း ..ငါ့ညီတွေ ကို အောက်မေ့ မိ တယ် ..

သူတို့ ဘယ်တွေ ပျံသန်းး ကြ ပါ လိမ့်..သူတို့လဲ ငါနှင့် အတူ သောက် ချင် ရှာမပေါ့.

.နေပါစေ သူတို့တွေ ပျံသန်းကြ ပါ စေ..
တစ်နေ့ သူတို့တွေ ကျွန်တော် နှင့် အတူ ၀ိုင်းဖွဲ့ ထိုင် ပါ လိမ့် မယ် ..

ခိုင်ပီး တစ်ယောက် ငွေထုပ် နှင့် ရွှေအိုးထန်းပြီး ပြန် လာ တာ စောင့်နေ မယ် ..
မာမန်းတစ်ယောက် ..ဖယ်ဒရယ် တိုက်ပွဲ အောင် ပါစေ ဆုတောင်း ပေး မယ် ..
ရိုရယ် တစ်ယောက် မာဂျီစတာ ဘွဲ့ နှင့် ပြန် လာ တာ ကို လေဆိပ် မှာကြို လိုက် မယ် .. 

ဘယ်သူပြော တတ်လဲ ..Rick Warren က အိုဘားမားကြီး ကျမ်းကျိန် ပွဲ မှာ ကောင်းကြီး ပေး သလို .. ငါ့ညီတွေ ၀န်ကြီးချုပ် လုပ် ရင် ..ငါလဲ သွားပြီး ကောင်းကြီး မပေးရဘူး ..ဘယ်သူ ပြော နိုင် လဲ..

အဲဒီနေ့ေ၇ာက် ရင်... ၀ိုင်တစ်ခွက် စီတော့ သောက်ဖြစ် အောင် သောက်ကြမယ်....

By T E Pau

ပိုပိုဖြူလာတဲ့ဆံပင်တွေကို တွေ့မှပဲ


 ပိုပိုဖြူလာတဲ့ဆံပင်တွေကို တွေ့မှပဲ


















လွန်ခဲ့တဲ့နှစ်တွေတုန်းကဒီလိုအချိန်ဆိုရင် ကျွန်တော် မာန်မန်းတို့နားက
ယူနိက်တက်ကဖေးမှာ လက်ဖက်ရည်ကျစိမ့်တစ်ခွက်လောက်မှာပြီး
ဦးရေခဲလမ်းထဲက ဆရာတီးအီးပေါင်တက်အလာကိုစောင့်ရင်စောင့်နေလိမ့်မယ်။
ဒါမှမဟုတ် ကျန်တော့်ကို 'ခဏခဏလာခဲ့မယ်' ဆိုပြီး KU မှာအင်တာနက်အကြာကြီးဝင်
သုံးနေတတ်တဲ့ ဆလိုင်းမာန်မန်ကို စောင့်ရင်စောင့်နေလိမ့်မယ်။ သူတို့ချက်ခြင်းရောက်
မလာလောက်သေးဘူးဆိုရင်ကျွန်တော် လက်ဖက်ရည်တငုံလောက်သောက်ရင်
သောက်ထားနှင့်လိမ့်မယ်။

ပြီးမှကျွန်တော် ပါးစပ်တွေ တဖြည်းဖြည်းခြင်းချင်လာပြီဆိုရင် ရူဘီတစ်လိပ်လောက်ကိုကျွန်တော်စားပွဲထိုးဆီ မှာသောက်လိမ့်မယ်။များသောအားဖြင့် တော့မာန်မန်က ဆေးလိပ်ဘူးလိုက်ကိုင် တတ်တော့ ကျွန်တော့်မှာဆေးလိပ်အပွဲလိုက်မှာ
သောက်ဖို့ တာဝန်မှရှိဘူးလို့ပဲ ကျန်တော်အမြဲယူဆလေ့ရှိတယ်။လက်ဖက်တငုံပြီးတငုံ သောက်
လို့်ကုန်ခါနီးနီးလေးလောက်မှာ သူတို့နှစ်ယောက်က ရှေ့ဆင့်နောက်ဆင့်ရောက်လာကောင်း
ရောက်လာလိမ့်မယ်။ပြီးမှာ ဆရာပေါင်က royalတီးမစ်တူးအင်ဝမ်း မှာရင်မှာမယ် ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်လောက် မှာရင်မှာမယ်။မာန်မန်ကတော့ လက်ဖက်ရည်ပုံမှန်ကိုမှာ
လိမ့်မယ်။

ဒါပေမယ့် သိပ်ကိုပူနေတယ့်လို့ သူ့ကိုသူယူဆတဲ့နေ့တွေဆို သူစီတခွက်လောက်
မှာပြီး စုပ်ရင်စုပ်နေလိမ့်မယ်။ပထမဆုံး သူလက်ဖက်ရည်မမှာခင် ဆေးလိပ်ဘူးကို သူ ပထမထုတ်လိမ့်မယ်၊ပြီးရင်သူ့လက်မလေးသေးသေးလေးကို ခပ်ကွေးကွေးလေး
အနေအထားလေးမှာထားပြီး သူပါလာတဲ့မီးခြစ်နဲ့မီးညှီလိမ့်မယ်။

လက်ဖက်ရည်မရောက်ခင် အနည်းဆုံး သူဆေးလိပ်သုံးလိပ်လောက် သောက်ပြီး
ဖြစ်နေလိမ့်မယ်။ တခါတလေ ခိုင်ပီးဆိုတဲ့လူလည်း ပါပါလာတတ်တယ်။
များသောအဖြင့်တော့ သူကကျန်တော်နဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်တတ်တယ်။
သူရောက်လာပြီဆို စာပွဲထိုးကောင်လေးတွေကို ခပ်တည်တည်နဲ့နောက်
ရင်နောက်လိမ့်မယ်။ များသောအားဖြင့်တော့ သူကကောင်လေးတွေ ဖြဲခြောက်တတ်တယ်။
သူကရောက်လာတာနဲ့ royalတီးတူးအင်ဝမ်းကိုမှာလိမ့်မယ်။ပြီးရင် သူတီးမစ်အထုတ်လေး
ကိုဖေါက်ဖွင့့််ပြီး ခွက်လေးထဲကိုထည့်လိမ့်မယ်။ပြီးရင် အဲဒီခွက်အဖုန်းကိုပြန်ပိတ်
ပြီး တော်တော်သူသောက်ဖြစ်မှာမဟုတ်။ ပုံမှန်အားဖြင့်တော့ စကားဝိုင်းပြီးခါနီးလောက်
မှာ သူလက်ဖက်ရည်သောက်ခြင်းကို အဆုံးသတ်တတ်တယ်။

မန်မန်၊ခိုင်ပီး၊ဆရာပေါင် ---အချိန်တွေသိပ်ကိုကုန်မြန်လွန်းအားကြီးတယ်နော်။
ကျွန်တော်စိတ်ထဲမှာ မနေ့တစ်နေ့ပဲခင်ဗျားတို့နဲ့ တွေ့ဖြစ်ကြသေးလို့ထင်နေတုန်း။
ကျွန်တော်ရဲ့တစ်နေ့တစ်ခြား ပိုပိုဖြူလာတဲ့ဆံပင်တွေကို တွေ့မှပဲ ခင်ဗျားတို့နဲ့တွေ့ခဲ့တာ
တော်တော်ကြာပြီဖြစ်လိမ့်ဆိုတာ သတိရမိတော့တယ်။


By ချင်းအဖိုးကြီး

Sunday, March 17, 2013

Please Miss Me; Poem


                      Please Miss Me

I
Add caption

          If you trust me, I will be proud of myself
If you love me, I will be the angle of you
If you need me, I will be your guiding star

If you request me to trust you, I will say you that
I always accept and keep your smile
If you request me to love you, I will say that
You are the first and the last forever
If you tell me that you need me,
I will be ready to stand beside you

If you leave me, I am breathless
If you forget me, I am hopeless
If you do not need me, I’ll let you to choose your happiness
But…
If you have coincident, please miss me……


By, Sou Jae

Thursday, March 14, 2013

မေမေ မသွားပါနဲ့..

သူ့အသက်ငါးနှစ်….

 

“မေမေ.. မေမေ့စကားကို သားနားထောင်ပါမယ်။ မေမေ မသွားပါနဲ့..”မူကြိုကျောင်းရဲ့ ကျောင်းပေါက်ဝမှာ
မေမေ့ခြေထောက်ကိုဖက်ပြီး သူငိုယိုတောင်းပန်တယ်။ မေမေကထိုင်ချပြီး သူ့ပါးနှစ်ဘက်ကို လက်နှစ်ဘက်
နဲ့ ကိုင်လိုက်တယ်။“ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူး သား… အထဲမှာ သားနဲ့အတူ ဆော့ကစား
မယ့် ကိုကိုမမတွေ အများကြီးရှိတယ်။ ပြီးတော့ ဆရာမကလည်း သားကို သီချင်းတွေ အများကြီးသင်ပေးဦး
မှာ။ သား သေချာလိုက်ဆိုပြီး မေမေ့ကိုပြန်ဆိုပြနော်။ မေမေရုံးဆင်းတာနဲ့ သားကို လာကြိုမယ်” မေမေ့ပြော
စကားကို သူမျက်ရည်သုတ်ပြီး ခေါင်းညိတ်ပြတယ်။

 သူ့အသက်ဆယ်နှစ် ….

“မေမေ……”
ကျောင်းပေါက်ဝမှာ မေမေကိုတွေ့တာနဲ့ သူပြေးဖက်တယ်။ မေမေ့ရင်ခွင်ထဲ ဝမ်းသာအားရ သူခေါင်းလေးတိုး
ဝှေ့တယ်။“ဖြေနိုင်လား သား?”အမှတ်ပြည့်ရတဲ့ အဖြေစာရွက်ကို မေမေဆီ သူထိုးပေးတယ်။“မေမေ့သားက
တော်လိုက်တာ… လာ.. မေမေတို့ တစ်ခုခုသွားစားရအောင် သားကို ဂုဏ်ပြုရမယ်”



သူ့အသက် ဆယ့်ငါးနှစ်….
“သား မသွားချင်ဘူး.. သား ကျူရှင်မတက်ချင်ဘူး…ကျူရှင်တက်လည်း အပိုပဲ”မေမေက စိတ်ဆိုးမာန်ဆိုးနဲ့
အဖြေလွှာစာရွက်ကို ထိုးပြပြီး “သား အမှတ်စာရင်းကို သားကြည့်ပါဦး။ ဘာဖြစ်လို့ မေမေ့စကားကို သားနား
မထောင်ရတာလဲ? ဒီလိုပုံစံနဲ့ဆက်သွားရင် တက္ကသိုလ်တက်ရမှာမဟုတ်ဘူး။ သားကို ပညာတတ်စေချင်လို့
မေမေ ပိုက်ဆံအကုန်ခံပြီး ကျောင်းထားတာ၊ တစ်နေကုန် ဂိမ်းကစားဖို့ မဟုတ်ဘူး သား…” သူ တံခါးဆောင့်
ပိတ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။ သူ့နောက်ကျောမှာ မေမေ့အသံကပ်ပါလာတယ်။
“သား……. ပြန်လာခဲ့……!!”



သူ့အသက် ၂ဝနှစ်…..
“သား အိမ်မပြန်တော့ဘူး မေမေ.. ဒီည သားသူငယ်ချင်းတွေနဲ့ ပါတီလုပ်မယ်။ အော်.. မေမေကို ပြောရဦးမယ်။
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ သားဖြည့်လိုက်ပြီနော်.. ” ရီဝေဝေအသံနဲ့ မေမေဆီ သူ့ဖုန်းဆက်တယ်။“အိမ်ပြန်
လာပြီး ဖြည့်ပါလား သား… မေမေ့ကို တိုင်ပင်ပြီးမှ ဖြည့်ပါလား! မေမေ့ကိုလည်း ဘာမှမတိုင်ပင်ပဲနဲ့ သား ဘာလို့
မေမေ့စကား နားမထောင်ရတာလဲ? သား …ဘာလိုင်းဦးစားပေးလျှောက်ထားသလဲ?” “ဟာ… မေမေကလည်း
စိတ်ရှုပ်လိုက်တာ.. သားကိစ္စ သားသိပါတယ်.. မေမေ ဝင်မပါပါနဲ့..”မေမေဘက်က ဘာမှမပြောခင် သူဖုန်းအရင်
ချပစ်လိုက်တယ်။ ပြီးတော့ ခွက်ကိုကိုင်မြောက်ပြီး အပေါင်းအသင်းဘက်လှည့်လိုက်တယ်။ “သူငယ်ချင်းတို့ရေ..
လာကွာ.. ချီးယားစ်…”



သူ့အသက် ၃ဝနှစ်…..
“အရက်သောက်ဖို့ စိတ်ရှိသေးတာလား?” သူ့လက်ထဲက ဖန်ခွက်ကို မေမေလုယူပြီး ပြောလိုက်တယ်။
“ဒီမိန်းကလေး မဆိုးပါဘူး.. မေမေ ဘယ်တော့မှ မြေးချီရမလဲ သားရယ်..” “သူ့ကို သားမကြိုက်ဘူးမေမေ…
ဟို ကောင်မလေးနဲ့ စပ်ပေး ဒီကောင်မလေးနဲ့ စပ်ပေး မလုပ်နဲ့တော့မေမေ။ သားကို နေရာလပ်လေးတစ်ခုပေးပါ…”
“မေမေ့စကားကို တစ်ခေါက်လောက် နားထောင်ပေးပါလား သား? မေမေ ပြောမယ်….” “ဟာ……. သား နား
မထောင်ဘူး… ငယ်ငယ်လေးကတည်းက အခုချိန်ထိ မေမေ့စကားကို သားနားထောင်နေခဲ့တာ.. မေမေ ပြော
တာတွေ ဘယ်လောက်မှန်လို့လဲ? ဘယ်လောက်မှန်လဲ?”

သူ့အသက် ၄ဝ…..
“ပိုက်ဆံက ဘယ်လောက်မှ မများပါဘူး။ လိုအပ်တာဝယ်ဖို့ မေမေအတွက် သားပိုက်ဆံထည့်ပေးလိုက်တယ်။
ပိုက်ဆံလိုတဲ့အခါ ဖုန်းထပ်ဆက်လိုက်ပေါ့…...” “မေမေ ဘာမှမလိုဘူးသား… နှစ်ကုန်တဲ့အခါ မြေးတွေခေါ်ပြီး
အိမ်ပြန်ခဲ့ပါဦး.. သားတို့ကို မေမေလွမ်းလို့ပါ.. ပြီးတော့ သားကို မေမေပြောပြစရာတစ်ခုရှိတယ်…” “နှစ်ကုန်ရင်
ကုမ္ပဏီကလုပ်ငန်းတိုးချဲ့မယ်တဲ့။ သား တော်တော်နဲ့ ပြန်လာဖြစ်မှာ မဟုတ်ဘူး မေမေ… နောက်ကြုံမှ ပြောကြ
တာပေါ့…” ဖုန်းကို သူအရင်ချပစ်လိုက်တယ်။

သူ့အသက် ၄၁နှစ်…..
စီးကရက်တစ်လိတ်ကို ဖွာရင်း စာတိုက်ကပို့လာခဲ့တဲ့ စာတစ်စောင်ကို သူကြည့်နေမိတယ်။ စာအိတ်ပေါ်မှာ
ပေးပို့သူလိပ်စာမပါဘူး။စာအိတ်ကို ဖောက်ကြည့်တော့စာအိတ်ထဲမှာ....သားအဖြစ် မွေးစားစာချုပ်တစ်စောင်၊
သေဆုံးကြောင်း ဆေးလက်မှတ်တစ်စောင်…. ဆေးလိတ်မီးခိုးငွေ့ကြားမှာ သူ့အမြင်တွေ မှုန်ဝါးသွားခဲ့တယ်။
အုတ်ဂူတစ်ခုရှေ့မှာ သူဒူးထောက်နေမိတာ ဘယ်လောက်ကြာခဲ့မှန်း မသိတော့ဘူး။ သူ့နှလုံးသားတွေ ကွဲအက်
မွကြေလို့… ဆို့နင့်တဲ့အသံနဲ့ မေမေကြားနိုင်ဖို့ နောက်ဆုံးစကားတစ်ခွန်း သူပြောလိုက်တယ်။ တမလွန်က မေမေ
သူ့အသံကို ကြားနိုင်ပါစေ…


“မေမေ… မေမေ့စကားကို သားနားထောင်ပါတော့မယ်.. မေမေ ထွက်မသွားပါနဲ့…”

Copy from
မူရင်းလင့်-http://www.99sanay.com/search/label/%E1%80%A1%E1%80%B1%E1%80%99
စာဖတ်ခြင်းဖြင့် အသိပညာတိုးပါစေ။ရာဇဂြိုဟ်သား

 

Tuesday, March 12, 2013

ကျွနုပ်၏ချင်းဖြစ်ချင်းအနှစ်သာ (၁)

 ကျွနုပ်၏ချင်းဖြစ်ချင်းအနှစ်သာ (၁)

 


 အဲဒီနေ့ကကျွန်တော်တို့ဆုံးသွားတဲ့ တဲနားကကျွန်တော့် ဦးလေး
ရဲ့ကျောက်တိုင်ပေါ်မှာ ကျွန်တော်တို့သုံးယောက်ထိုင်နေကြသည်။
ကျွန်တော့်အဖိုးက သတင်းစာအပိုင်းစလေးပေါ်မှာဆေးမှုန့်တွေကို
ထည့်ရင်း အသားမာတွေတက်နေတဲ့သူရဲ့လက်ကြီး နဲ့ဆေးလိပ်တစ်လိပ်
ကိုဖြေးဖြေးချင်းလိပ်နေသည်။ ကျွန်တော်အဖွားက သူ့ရဲ့လွယ်အိတ်သေး
သေးလေးထဲကဆေးရည်ပုလင်းလေးကိုထုတ်ပြီးဆေးငြုံနေသည်။
သူတို့ဘေးနားမှာကျွန်တော်ကကျွန်တော်တစ်ခါမှမမြင်ဖူးတဲ့ကျွန်တော့်
့ဦးလးရဲ့ကျောက်တိုင်ဘေးကမြက်ပင်တွေကို ကျွန်တော်အဖိုးပေးထား
ဓါးလေးနဲ့ခုတ်နေသည်။

ကျွန်တော်စိတ်ထင်အဲဒီနေ့က ဆောင်းဝင်စပိုင်းလောက်ဖြစ်မည်ထင်သည်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လယ်ကွင်းနားက ချောင်းရေလည်း
ကြည်စပြုနေပြီဖြစ်သည်။ လယ်ကွင်းဘေးကတောင်ကြောတလျှောက်မှာ
လည်းချယ်ရီပင်တွေဆောင်းတွင်းအမှီပြန်ပွင့်ဖို့အားခဲနေကြသောအချိန်
လည်းဖြစ်သလို ရွာကလူတွေလည်း ငါးဥဥချိန်ကိုစောင့်နေ ကြသော
ချိန်လည်းဖြစ်သည်။နောက်ပြီးခါတိုင်းဆောင်ဦးလိုပင်ကျွန်တော်တို့ရွာနဲ
့တရက်လောက်ဝေးတဲ့ရွာကနေကျွန်တော့်မျိုးနွယ်စုထဲကလူတွေ
ကျွန်တော်တို့ကိုစပါးကူရိတ်ပေးဖို့လာကြတော့မယ်လို့အိမ်မှာတုန်းက
သူတို့နှစ်ယောက်ပြောသံကိုလည်းကျွန်တော်ကြားမိသည်။

အဲဒီအတွက်လည်း ကျွန်တော်တို့မွေးထားတဲ့ကြက်ဖကြီးတွေကို
သတ်ပေးဖို့သူတို့နှစ်ယောက်ဆေးလိပ်သောက်ရင်း၊ဆေးရည်ငြုံ
ရင်းနဲ့တိုင်ပင်နေကြသည်။ ကျွန်တော်မျိုးနွယ်စုတွေရောက်လာရင်
တော့ခါတိုင်းလိုပဲ ကျွန်တော်မျိုးနွယ်စုထဲကကျွန်တော်အစ်ကိုတွေက
ကျွန်တော်ကိုငှက်ပစ်ဖူးပြီးလားလို့မေးမှာကိုအဲဒီနေ့ကကျွန်တော်
အတော်လေးစိတ်ပူမိတယ်။ကျွန်တော်ဟာ ယောကျာင်္းကောင်းတစ်ယောက်
ဖြစ်တယ်ဆိုတာပြဖို့အချိန်သိပ်မရှိတော့ဘူးဆိုတာကိုလည်းနားလည်လိုက်တယ်။
ကျွန်တော်မြက်ပင်းလေးတွေကိုလက်နဲ့လိမ်နေတုန်းမှာပဲ ရုတ်တရက်ဆိုသလို
ကျွန်တော်တို့တဲရှေ့ကဇီးဖြူပင်ပေါ်ကနေငှက်တစ်ကောင်(Thak Bae/ဘုတ်ဖင်နီ)
ပြုတ်ကျသွားတာကျွန်တော်တို့သုံးယောက်စလုံးတွေ့လိုက်တယ်။
ကျွန်တော်နည်းနည်းတော့အံ့သြသွားသည်။

ခါတိုင်းဆို ဒီလိုငှက်တွေက နွေဦးကုန်ပိုင်းကုန်ခါနီးလောက်မှာအတွေ့
များတတ်သည်။နောက်ပြီးသူတို့ကိုတစ်ယောက်ထဲတွေ့ရခဲတတ်သည်။
ဒါပေမယ့်ကျွန်တော်သိပ်မစဉ်းစားလိုက်ပါဘူးဒီအချိန်ဟာကျွန်တော်အတွက်
ယောင်္ကျားကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာပြသဖို့ဘုရားသခင်အခွင့်
ပေးလိုက်တာပဲလို့ကျွန်တော်သဘောပေါက်လိုက်သည်။

အဲဒါနဲ့ ကျောက်တိုင်မှာချိတ်ထားတဲ့ ကျွန်တော်လွယ်အိတ်ထဲကလေးခွနဲ့
လောက်စလုံးတစ်ချို့ကိုကျွန်တော်လှမ်းယူလိုက်ပြီးဇီးဖြုပင်အောက်ကို
တဖြည်းဖြည်းချဉ်းကပ်လိုက်တယ်။ငှက်ကလေးကလည်းကျွန်တော်ကို
မြင်တော့ခုန်ဆွခုန်ဆွလေးနဲ့ချု့ပုတ်တွေရှိတဲ့ဖက်ကိုပြေးသွားဖို့ကြိုးစားနေသည်။
ငှက်ကလေးကတောင်ပံတဖက်နာနေတာကိုကျွန်တော်တွေ့လိုက်တော့
ဒီတခါတော့ကျွန်တော်လွဲမှာမဟုတ်ဘူးဆိုတာချိန်းသေကျွန်တော်သဘောပေါက်
လိုက်သည်။လောက်စလုံးကလေးကိုအသာထုတ်ပြီးကျွန်တော်ပစ်လိုက်တော့မယ့်
ဆဲဆဲ ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ ကျွန်တော်အဖွားကကျွန်လွယ်အိတ်ကြိုး
ကိုနောက်ကနေလှမ်းဆွဲပြီးကျွန်တော်ကိုတားလိုက်သည်။အဲဒါနဲ့ကျွန်တော်က
အဖွားကလည်း ဒီမှာ ကျွန်တော်ယောင်္ကျားကောင်းတစ်ယောက်ဖြစ်တယ်
ဆိုတာပြဖို့ဒီငှက်ကိုပစ်မှရမှာလို့ကျွန်တော်သူကိုပြောလိုက်သည်။ သူကကျွန်တော့်ခေါင်းကိုဆေးရွက်ခြောက်နဲ့သင်းနေတဲ့သူရဲ့အသာလေးပွက်ပြီး
ကျွန်တော်တို့သုံးယောက်ထိုင်နေသောကျောက်တိုင်နားဆီကိုပြန်ခေါ်သွားသည်။

ကျွန်တော့်အဖိုးကကျွန်တော်ကိုပြုံးပြီးကြည့်နေရင်းကနေ (kacapa) ကလေးရယ်
ယောင်္ကျားကောင်းဆိုတာ ဒုက္ခရောက်နေတဲ့ ကောင်တွေမသတ်ရဘူးကွ
၊နောက်နောင်တောထဲသွားရင် မိတ်လိုက်နေတဲ့အကောင်တွေ၊
ကလေးရှိတဲ့အကောင်တွေရယ်၊ဒဏ်ရာရနေတဲ့အကောင်တွေကိုမသတ်နဲ့လို့
ကျွန်တော်ကိုပြောပြီးသူ့ ကျွန်တော့်ကိုသူပေါင်မှာလာထိုင်ဖို့ပြောလိုက်သည်။ အဖွားကတော့သူငုံထားတဲ့ဆေးရည်ကိုထွေးထုတ်ပြီး (kacapa)
"သား -မင်းဟာယောင်္ကျားကောင်းတစ်ယောက်ဆိုတာ မင်းမျိုနွယ်စုထဲက
မင်းအစ်ကိုတွေရောက်လာရင်ငါတို့ပြောာထားရအုံးမယ်လို့ ကျွန်တော်
နားကပ်ပြီးပြုံးပြုံးကြီးနဲ့ပြောသွားသည်။ အဲဒီနေ့ ကျွန်တော်တို့မျိုးနွယ်စုရဲ့
ဘုရားသခင်သည် ကျွန်တော်ကိုယောင်္ကျားကောင်းတစ်ယောက်ဖြစ်ဖို့
အခွင့်အလမ်းပေးခဲ့သည်။သို့သော်လည်းကျွန်တော်ထင်ထားသလိုပေးခဲ့ခြင်းမျိုး
တော့မဟုတ်ပါ။

" ကျနုပ်၏ချင်းဖြစ်ချင်းအနှစ်သာရစာစုများထဲကပြန်ကူးယူထားခြင်းသာဖြစ်သည်"
  
By  ချင်းအဖိုးကြီး

Monday, March 11, 2013

ခေတ်သစ် အဇာတသတ်.........

ခေတ်သစ် အဇာတသတ်.........


ကျနော် အိမ်ဘေးနားကို မိသားစုတစ်စု ပြောင်းလာတယ်။ သူတို့ကဆိုင်ကယ် အပို ပစ္စည်းရောင်းတဲ့ ဆိုင်ဖွင့်ထားကြတယ်။ သူတို့နဲ့အတူ အိမ်ပြောင်း လာတော့ အဘွားအို တစ်ယောက် ပါလာတယ်။ ကျနော် ရေခပ်တိုင်း၊ ခြံက ကပ်နေတော့ သူတို့ အိမ်ဘက်ကို မြင်နေရတယ်လေ။

ကျနော်ကြည့်လိုက်တိုင်း အဘွားအို ကိုပဲ အိမ်နောက်ဘက်မှာ တုန်တုန်ချည့်နဲ့ နေတဲ့ လက်တွေနဲ့ အ၀တ်တွေ လျှော်နေတာကိုပဲ တွေ့ရတာများတယ်။ တစ်နေ့တော့ ကျနော် မနေနိုင်တော့ဘူး “ အဘွား အိမ်မှာ အ၀တ်လျှော်မယ့် သူတွေ မရှိဘူးလားလို့” မေးတော့ “ ငါမြေးရယ် အိမ်မှာ သမီးနဲ့ သားမက် ပဲရှိတယ် သူတို့က မအားကြဘူးလေ” လို့ပြောတော့ “ကျနော် အဘွား အ၀တ်တွေကို ကူလျှော် ပေးပါရစေလို့” ပြောပြီးကျနော် လျှော်ပေးခဲ့ပါ သေး တယ်။

နောက်ပိုင်းတော့ ကျနော် သင်တန်း(၁) နှစ် လောက်၊ သွားတတ်ရပါတယ်။ ကျနော် ရန်ကုန် ပြန်ရောက်တော့ အိမ်ဘေးနားက အဘွားအို ကိုမတွေ့ရတော့ ပါဘူး။ ကျနော် အမတွေကို မေးကြည့်တော့ အဘွားအို ဆုံးသွားပြီး တဲ့လေ....။ ကျနော် စိတ်ထဲ မကောင်းဖြစ်သွား လိုက်တာ။ အမတွေကို မေးကြည့်တော့ သူ့သမီးနဲ့ သားမက် နှိပ်စက်လို့ သေသွားတာတဲ့။ ကျနော် အရမ်းအံ့သြ သွားတယ်။ ကျနော်ရှိနေတဲ့ အချိန်တုန်းက အဘွားအိုကို နှိပ်စက်တာမှ မတွေ့ရတာ။ ဘယ်လိုတွေ နှိပ်စက်လို့ သေသွားတာလဲလို့ အမကိုမေးတော့၊ အမက ပြောပြတယ်။ အဘွားအိုဟာ နေ့တိုင်း သမီးနဲ့ သားမက် မရှိတဲ့ အချိန် တွေမှာမှ သူ့ရဲ့ အင်္ကျီတွေကို မသိအောင် လျှော်ရတာတဲ့၊ အသက်ကြီးတော့ ဆီး၊ ၀မ်း မနိုင်တာတွေဖြစ်တော့ အ၀တ်တွေမှာ ပေတတ်တာပေါ့။ ဒါကို သမီးနဲ့ သားမက်က အိမ်မှာ ညစ်ပတ်လို့ကတော့ အိမ်ပေါ်မှာမနေနဲ့ အိမ်အောက်မှာ နေလို့ ပြောတယ်တဲ့၊ အဘွားအိုဟာ သမီးနဲ့ သားမက် မသိအောင်လို့ သူတို့သွားချိန်မှ အ၀တ်လေးတွေကို တိတ်တိတ်လေး လျှော်ခဲ့တာ။

နောက်တော့ ကျမ်းမာရေး မကေင်းဖြစ်လာတယ်တဲ့၊ အဲ့ဒီအချိန်တွေမှာ ဆေးမကုပေးတဲ့ အပြင် အမေကို ဆဲဆိုကြိမ်းမောင်းပြီး အိမ်နောက်ဘေးက ဂိုထောင် အပျက်လေးထဲမှာ ပြစ်ထားကြတယ်တဲ့၊ ထမင်းစားချိန်ဆို ကော်ဇလုံထဲမှာ ထည့်ပြီး ဂိုထောင်ပေါက်ဝမှာ သွားချထားတယ်။ အဘွား အိုဟာ ၀ါးကွပ်ပြစ် လေးပေါ်မှာ ဝေဒနာကို ခံစားနေခဲ့ရတယ်။ အဲ့အချိန်ကဆို အိမ်နီးနားတွေက မနေနိုင်လို့ သွားပြီးပြုစုကြရင် အဘွားအိုကို ပိုနှိပ်စက်လို့ နောက်ပိုင်း ဘယ်သူမှ မသွားရဲကြတော့ ဘူးတဲ့။ ညဘက်ဆို ချမ်းတော့ အဘွားအိုက ညည်းရင်တောင် အိမ်ပေါ်ကနေ ရေနဲ့လှမ်းပတ် ပါတယ်။ နောက်တော့ အဘွားအိုဟာ အိပ်ယာပေါ်မှာ အချိန်ကြာကြာ နေရတော့ ကျောမှာ အပူနာတွေ ပေါက်တော့ အနာတွေဖြစ် အရမ်းဆိုးဝါးတဲ့ ဝေဒနာတွေကို ခံစားရပြီး သေသွားခဲ့ ရတာတဲ့။

အမပြောတာတွေကို နားထောင်ရင်း ကျနော် မျက်လုံးကထွက်တဲ့ မျက်ရည်ထက် ရင်ထဲမှာ မကောင်းတာက ပိုတယ်ဗျာ။ အရမ်းခံစားရတယ်။ ရက်စက်လိုက်ကြ တာဗျာ၊ ကိုယ့်ကို ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှသစ် လူဖြစ်အောင်ကျွေးမွေး ခဲ့တဲ့ အမေကို အခုလိုမျိုးလုပ်ရက်တဲ့ သားသမီးတွေကို ကျနော်အရမ်း အံ့သြသွားတယ်။ နောက်ပြီး မိဘအပေါ် မကောင်းတာတောင်မှ သား၊ သမီးတွေကို အပြစ်မမြင်ခဲ့ ရှာဘူး။ ပတ်ဝန်းကျင်က အပြစ်မမြင်အောင် အပြုံးမပျက် ကာကွယ်ပြောသွား ခဲ့တယ်။ အဘွားအို တစ်ယောက် ဝေဒနာထက် နှလုံးသားမှာ ဘယ်လောက်အထိ ခံစားသွားရမလဲ ဆိုတာတော့ ကျနော် တွေးကြည့်တာတော့ ရင်ထဲမှာ မခံစားနိုင်အောင် ဖြစ်ရပါတယ်။

ကျနော် တို့ မိဘတွေကို မသေခင်အချိန် အထိကျနော်တို့ မောင်နှမ ကောင်းကောင်း ပြုစုနိုင်ခဲ့ပါတယ်။ ဒါတောင်ကျနော်တို့ မိဘကျေးဇူးကို ကျေပြီလို့ မဟစ်ကြွေးရဲ ခဲ့ပါဘူး။ ကျနော်ပြောချင်တာတော့ မိဘ သက်ရှိ ထင်ရှားရှိချိန်တွေ မှာမိဘကျေးဇူးကို ဆပ်နှိုင်သော သားသမီးကောင်း တွေဖြစ်အောင် နေနိုင်ကြပါစေလို့ ..................။

Ps. (ကိုယ်တွေ့ အဖြစ်မှန်လေးပါ)


Copy From
လင်းသစ်
https://www.facebook.com/photo.php?fbid=172414636210895&set=a.160184574100568.32784.100003270786651&type=1&ref=nf